🌿10🌿

1.7K 180 2
                                    

Unicode
New love again

                      🌿10🌿

       ဂရင်းဆီက ရှင်းပြချက်တွေကို ကြားပြီးတဲ့နောက် နွေဦးသစ်တစ်ယောက် ထိတ်လန့်သွားသလို ကမ္ဘာပေါ်မှာ ဤကဲ့သို့သော ပညာရှင်မျိုးရှိနေတာကိုလည်း အံ့သြလို့မဆုံး ဖြစ်နေလေ၏။

       ယခုအချိန် သူတို့နှစ်ယောက်လုံး တံခါးဘေးက နံရံတွင်သာ မတ်တပ်ရပ်နေတုန်း ဖြစ်သည်။

"စွမ်းလိုက်တာ.... မှော်ကားတွေထဲကလို သေတဲ့သူကို ပြန်ရှင်အောင် လုပ်ပေးသလိုပဲ"
"အင်း...."

"ရင်း.... ဒါပေမယ့်လေ ခင်ဗျားဘာလို့ တစ်ခုခုဆို သဝန်တိုနေရတာလဲ"
"မဟုတ်ဘူး.... "

       ဂရင်း အကြည့်လွှဲ၍ သူ့အိပ်ခန်းဘက်ကို လျှောက်သွားလေသည်။ စကားတောင်မဆုံးသေးတာကို ထွက်သွားရန် ပြင်နေသူကို နွေဦးသစ် မျက်မှောင်ကျုံ့၍ ကြည့်နေလိုက်၏။ သူမေးချင်တာ မေးလို့မပြီးမချင်း ဂရင်းကို ထွက်သွားခွင့်ပြုမည်မဟုတ်။

"ကျွန်တော်ဒီနေ့ ကောင်လေးချောချောလေး တစ်ယောက်နဲ့ တွေ့ခဲ့တယ်"

       ဂရင်း ခြေလှမ်းတွေ ရပ်သွားသည်။ ထိုသူက သူ့ကိုလူအုပ်ကြားကနေ ဆွဲထုတ်ပေးတဲ့သူ၊ ဘားမှာစကားရပ်ပြောနေတဲ့သူ ဆိုတာကို ဂရင်းမသိဘဲနေမလား။ သူကပြန်လှည့်လာ၍ နွေဦးသစ်ကို အခန်းအပြင် တွန်းထုတ်လိုက်တော့သည်။

"အဲ.... ဘာလုပ်တာလဲ"
"သွားတော့.... ညဥ့်နက်နေပြီ"

       နွေဦးသစ် တံခါးနားမှာ ရပ်နေဆဲပင်။ သူနားကို တံခါးရွက်နားကပ်လိုက်တော့ အိပ်ခန်းဆီ လျှောက်သွားနေပြီဖြစ်သော ဂရင်း၏ခြေသံကို ကြားလိုက်ရတော့ ဒေါသကထွက်လို့လာသည်။ အဲ့ဒီလို သူပြောလိုက်တာက ဂရင်းစိတ်ကို စမ်းကြည့်ချင်လို့ပင်။

"အဟား.... ငါဒီလောက် စျေးဗန်းခင်းနေတာကို မဝယ်ချင်လည်းနေပေါ့..... မရောင်းဘူး"

       တံခါးနောက်က ဂရင်းကိုပြောင်ပြပြီးမှ သူ့အခန်းဆီ ပြန်သွားလေသည်။ တစ်ဖက်တွင်တော့ ဂရင်းသည် သူ့ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ကိုင်ဆုပ်လျက် ခုတင်ဘေးတွင် ဒူးထောက်ကျနေခဲ့၏။ ဆုံမှတ် နွေဦးသစ်ကိုဆွဲပြီး ရင်ခွင်ထဲ ထည့်ထားတာကို မြင်ခဲ့စဥ်က သူ့နှလုံးသားတွေ နာကျင်ခဲ့ရတာ။

New love again (Complete)Where stories live. Discover now