🌿11🌿

1.6K 164 2
                                    

Unicode
New love again

                      🌿11🌿

       ဂရင်းဖုန်းပြောနေတာက သူ၏မွေးစားအဖေနဲ့ဖြစ်ကာ ဂရင်း၏ပုံစံသည် ဘယ်သူနဲ့ပဲစကားပြောပြော အေးတိအေးစက်နဲ့။ စတိုင်ကလည်းမိမိုက်နေရော။ ဂရင်းရဲ့ခပ်မိုက်မိုက်ပုံစံက မိန်းကလေးတွေသဘောကျပြီး ယောကျ်ားလေးတွေ အားကျရတဲ့ ပုံစံမျိုးပင်။

       နွေဦးသစ် ဒူးပေါ်တံတောင်ထောက်လျက် ဂရင်းကို လှမ်းငေးကြည့်နေသည်။ ဂရင်းကပုံမှန်ဆို နတ်သားလေးနဲ့တူသော်လည်း တစ်စုံတစ်ယောက်ကို ထိခိုက်အောင် လုပ်နေတဲ့အချိန်ဆိုရင် နတ်ဆိုးကြီးနဲ့တူသွားပြန်လေသည်။

       သူငေးကြည့်နေတုန်း ဂရင်းက သူ့ဘက်ကိုလျှောက်ပြန်လာ၏။

"ဘာကြည့်နေတာလဲ"
"ကြည့်ကောင်းလို့ပေါ့ ဘယ်သူနဲ့ဖုန်းပြောနေတာလဲ"

"ဒယ်ဒီနဲ့...."
"အော်...."

       ဂရင်းက သူ့ဘေးမှာဝင်ထိုင်သည်။ ထို့နောက် Lacktop ဆွဲပြီး ကီးဘုတ်ပေါ်လက်ချောင်းတင်းကာ လျင်မြန်စွာ စာလုံးအချို့ကို ရိုက်လိုက်သည်။ ဟိုတစ်ချက် သည်တစ်ချက်နှိပ်ရင်း တစ်စုံတစ်ခုကိုရှာဖွေနေ၏။  နောက်ဆုံး တစ်နေရာရောက်တော့ ဂရင်းကလက်ချောင်းတို့ကို ရပ်လိုက်သည်။

       သူသည် ကွန်ပျူတာဖြင့် သူ့ဟိုတည်တိုင်းက CCTV မှတ်တမ်းတို့ကို လှမ်းကြည့်နိုင်အောင် ထိန်းချုပ်ထား၏။ စက်ရုပ်ဆိုတဲ့အတိုင်း နည်းပညာပိုင်းမှာ တကယ်ထူးချွန်ပါသည်။ ဘေးကကြည့်နေသော နွေဦးသစ်ပင်လျှင် နားလည်တစ်ချက် မလည်တစ်ချက် ဖြစ်နေသည်။

"ရင်း ဘာလုပ်နေတာလဲ"
"သူတို့အလုပ် ကောင်းကောင်းလုပ်ရဲ့လား.... စစ်ဆေးနေတာ"

       သူတို့နှစ်ယောက် တစ်ခုပြီးတစ်ခု လိုက်ကြည့်ရင်း လှုပ်စိလှုပ်စိဖြစ်နေသော နေရာကို အကြည့်ရောက်သွား၏။ CCTVကိုပင် အားမနာတော့ဘဲ ပွေ့ဖက်နမ်းရှိုက်နေသော လူငယ်နှစ်ယောက်၏ ပုံပင်။ နွေဦးသစ် မျက်လုံးပြူးသွားသည်။

      သူက ဂရင်းဆီကlacktopကိုဆွဲယူကြည့်ကာ

"ယောကျာ်းလေးနှစ်ယောက်?... နမ်းနေတယ်?"

New love again (Complete)Where stories live. Discover now