🌿18🌿

1.5K 161 1
                                    

Unicode
New love again

                      🌿18🌿

"သစ်....."
"ကျွန်တော်က ခင်ဗျားနဲ့မဖြစ်နိုင်ပါဘူး.... ယံကိုပဲ သစ္စာရှိပေးလိုက်ပါ "

       နွေဦးသစ် နောက်ဆုံးစကားကို အပြုံးတို့ဖြင့် ဆိုလိုက်၏။ နွေဦးသစ် ထွက်သွားပြီး ခဏကြာတဲ့အထိ သူထိုနေရာတွင် ထိုင်နေမိဆဲဲ ဖြစ်သည်။ ဟုတ်ပါသည်။ နွေဦးသစ်ပြောသလို သူယံကိုချစ်တယ်လို့ ပြောခဲ့ဖူးသည်။

       စိတ်ရင်းနဲ့ နှလုံးသားရဲ့အလိုဆန္ဒနဲ့ ပြောခဲ့တာပင်။ သူ့ကိုလူတွေက ပုတ်ခတ်ပြောဆိုတာတွေကို ပေါ်တင်မလုပ်ရဲသော်လည်း ယံကိုတော့ ပုတ်ခတ်ပြောဆိုခဲ့ကြသည်။ သူယောကျ်ားတစ်ယောက်ကို ချစ်မိလို့ အိမ်ကနှင်ချတဲ့အထိ ဖြစ်ခဲ့ဖူး၏။

       ယံကသူ့အတွက် အများကြီး စွန့်စားပေးခဲ့တဲ့ ကလေးတစ်ယောက်ပင်။ နွေဦးသစ်ကို သင်ကြားပေးနေချိန် ဆုံမှတ်သည် ဆရာတစ်ယောက်၏ ပုံပန်းသဏ္ဍာန်ကိုသာ ဖမ်းယူထားပြီး စိတ်ဝင်စားနေတဲ့ မျက်လုံးအမူအရာတွေကို ဖုံးကွယ်ထားတော့သည်။

       သူအဲ့ဒီလိုလုပ်တော့ နွေဦးသစ်လည်း နေရထိုင်ရသက်သာသွား၏။ နေ့လည်ရောက်လို့ ယံလာချိန်ရောက်သောအခါ ဆုံမှတ် သူလေးရောက်လာမလား မျှော်ကြည့်နေမိသည်။ ယံ ရောက်မလာခဲ့ပါ။ အမြဲပြေးပြေးလာတတ်တဲ့သူက အခုတော့ ဆုံမှတ်ရှေ့ကို ပြေးမလာချေ။

       သို့ပါသောကြောင့် ဆုံမှတ်သည် ယံနေ့လည်စာ စားနေကျဖြစ်သော ကန်တင်းကဆိုင်ဆီကို ထွက်လာခဲ့သည်။ တွေ့ပါပြီ။ ဝိုင်းတွေအများကြီး၏ ကြားထဲတွင် ယံတစ်ယောက်တည်း ထမင်းထိုင်စားနေသည်။

       လက်တစ်ဖက်ကလည်း ဂိမ်းကစားနေသေး၏။ အမြဲသူနဲ့သာ နေ့လည်စာစားတတ်တဲ့ ယံကအခုတော့ သူ့ကိုတောင်မစောင့်ဘဲ ထမင်းစားနေပြီ။ ထို့အပြင် ဂိမ်းကစားရင်း စိတ်ဖြေနေသေး၏။

        ဆုံမှတ် လျှောက်သွားကာ ယံဘေးတွင်ထိုင်လိုက်သည်။

"ယံ......"

       ယံက ခေါင်းထောင်ကြည့်လာ၏။ သူ့ကိုမြင်တော့ ထမင်းဝါးနေတာလေးတောင် ဆက်မဝါးဘဲ ရပ်သွားသည်။ သူသည် နေရထိုင်ရခက်စွာ မျက်လုံးကိုဟိုကြည့်သည်ကြည့် ပြုလုပ်ပြီး ထသွားရန် ပြင်၏။

New love again (Complete)Where stories live. Discover now