🌿17🌿

1.5K 152 2
                                    

Unicode
New love again

                      🌿17🌿

        ဂရင်း ထိတ်လန့်သွားပြီး သူ့အနားဖျတ်ခနဲရောက်သွားကာ နွေဦးသစ်ခါးကိုဖက်လျက် မိမိဘက်ကို ဆွဲကပ်ထားလိုက်သည်။ ခြေထောက်ခေါက်သွားတာမို့ နွေဦးသစ် ခြေတစ်ဖက်ကို မြှောက်ထားရသည်။

"ရင်း.... ကျွန်တော့်ခြေထောက်...."
"တူး.... လာခဲ့"

"ဟုတ်ကဲ့ပါ သခင်...."

       တူးက အနားကိုပြေးလာသည်။ နွေဦးသစ်ခြေထောက်ကို ဆွဲယူပြီး ခြေထောက်ခေါက်သွားတဲ့နေရာကို အနည်းငယ် နှိပ်နယ်ပေး၍ ဆေးပါလိမ်းပေးသည်။ ပတ်တီးဖြူလေးတစ်ခု နွေဦးသစ်ခြေထောက်တွင် နားခိုသွားလေ၏။ တောင်တက်လမ်းကလှလို့ ပျော်ပျော်ကြီး တက်ချင်ပါတယ် ဆိုမှ ခြေထောက်က ဒဏ်ရာရသွားသည်။

       ဂရင်းက သူ့အားပွေ့မည်အပြင် ။

"အဲ.... ခဏလေး...."
"ဘာလဲ"

"ကျောပိုး"
"? ?"

"ဒီမွာ တခြားသူတွေလည်း ရှိနေတယ် ပွေ့ချီတာက ကြည့်လို့မကောင်းဘူး ကျွန်တော်က ယောကျ်ားလေးဖြစ်နေတော့ ပိုဆိုးတယ်လေ... လာပါ... ကျောပိုး"

       ဂရင်း ချစ်သူလေး သဘောအတိုင်း သူ့ရှေ့တွင်ဒူးညွတ်ပေးလိုက်တော့ နွေဦးသစ် သူ့ကျောပေါ်တွင် နေရာယူလာသည်။ နွေဦးသစ် ဂရင်း၏လည်ပင်းကိုဖက်လျက် လိုက်ပါလာသည်။ တောင်တက်တဲ့ သူတစ်ချို့ကတော့ သူတို့ကိုပြုံးစိစိနဲ့ ကြည့်သွားကြ၏။

       ဂရင်း၏မျက်နှာထားက အလွန်အင်မတန် အေးစက်စက်ပုံစံ ဖြစ်နေမြဲပဲ။ ဒီနေရာက သူပိုင်သည်။ သူလုပ်ချင်သလို လုပ်မည်ဟူသော ပုံစံမျိုးတော့ မဟုတ်ပါ။ သူသည် မည်သူ့ကိုမှ ဂရုမစိုက်တတ်သော လူတစ်ယောက်ပင် ဖြစ်လေသည်။

       နွေဦးသစ်ကို ကျောပိုးပြီး ဆက်တက်လာခဲ့ရာ ညနေစောင်းတော့ တောင်ထိပ်က တည်ခိုးဆောင်သေးသေးလေးဆီ ရောက်လာခဲ့သည်။ အခန်းလေးတွေက ချစ်စရာကောင်းစွာ အဝိုင်းပုံသဏ္ဍာန် ဆောင်ထားတာ တွေ့ရ၏။

       အဝိုင်းသဏ္ဍာန် အခန်းငယ်များသည် တစ်ခုနဲ့တစ်ခု အကွာအဝေးညီညာစွာဖြင့် တောင်ထိပ်ရှိ ​မြေပြန့်သေးသေးလေးပေါ်တွင် တည်ရှိနေသည်။ အပေါ်စီးကနေကြည့်ရင်း အဖြူရောင် မှိုပွင့်ကလေးတွေနဲ့တောင် တူနေသေးသည်။

New love again (Complete)Where stories live. Discover now