🌿24🌿Final

3.4K 208 2
                                    

Unicode
New love again

                     🌿24🌿Final

"ရင်းရဲ့ဒီအိမ်ကို ကျွန်တော်အရမ်းသဘောကျတယ်.... စိမ်းစိမ်းစိုစိုနဲ့ အေးလည်းအေးတယ် နေလို့ကောင်းတယ် မနက်ကကိစ္စအတွက် ကျွန်တော်ကြွေရွက်ဝါနဲ့ ဖုန်းပြောကြည့်ပြီးပြီ"
"ဘာတဲ့လဲ"

"ဘယ်လက်ခံမလဲ.... ရင်းအရင်က ဖြစ်ခဲ့တဲ့အကြောင်းတွေကို သေသေချာချာ ပြောပြလိုက်တော့ နောက်ဆုံးသူနားလည်သွားတယ်.... သူ့ဘက်က ရင်းကိုရန်မစတော့ပါဘူးတဲ့"
"ကိုယ်မယုံဘူး"

"သိသားပဲ.... ဒါပေမယ့် ကျွန်တော့်ကိုရင်းကောင်းကောင်း ဆက်ဆံနေသရွေ့ သူ့ဘက်ကဘာမှမလုပ်ပါဘူးတဲ့"

       ဂရင်းက ထိုစကားအပေါ် အလိုမကျတာကြောင့် မျက်မှောင်ကျုံ့လိုက်သည်။ သူက နွေဦးသစ်ကို ဘယ်လိုများ ကောင်းကောင်းဆက်ဆံနေရအုံးမှာလဲ။ ပြန်တွေးကြည့်ပြီး သူဆက်ဆံတာက မကောင်းလို့လား။

"ကိုယ်က နွေ့အပေါ်မကောင်းဘူးလား"

       နွေဦးသစ် ဟင်းဇွန်းကိုင်ထားရင်းမှ ထိုင်ခုံပေါ်က ဂရင်းဘက်ကိုလှည့်လာကာ ပါးတစ်ဖက်ကို မွတ်ခနဲ နမ်းလိုက်သည်။

"အရမ်းကောင်းတယ် "
"တကယ်ပေါ့"

"အင်းလေ.... "

       နွေဦးသစ် ဆူနေပြီဖြစ်သော ဟင်းရည်အိုးထဲ ရေစိမ်ထားသော ကြာဇံအနည်းငယ် ထည့်လိုက်၏။ ဂရင်းက သူလုပ်သမျှကို သေသေချာချာကို စူးစိုက်ကာကြည့်နေသည်ကို နွေဦးသစ် နောက်လှည့်မကြည့်သော်လည်း သိပါသည်။

"ကြည့်လို့မဝသေးဘူးလား"

       ဂရင်း ပြုံးလိုက်၏။

"အွန်း..... အခုမင်းကျောင်းလည်း မသွားတော့ဘူးနော်"
"ကျွန်တော့်အသက်အရွယ်နဲ့ ကျောင်းလည်းမတက်ချင်တော့ပါဘူးဗျာ "

       ဟင်းရည်အိုးခလုတ်ပိတ်လိုက်ပြီး အေပရွန်ကို ချွတ်ကာသေချာပြန်တင်ထားလိုက်သည်။ ပြီးနောက် ဂရင်းရဲ့ပေါင်ပေါ်ကို ညင်ညင်သာသာ ထိုင်ချကာ ဒဏ်ရာမရှိသောဘက်ကို မှီထားသည်။

"ရင်းရဲ့အပန်းဖြေစခန်းတွေက ပင်လယ်ဘက်မှာကော မရှိဘူးလား"
"ရှိတယ် နွေ သွားချင်လို့လား"

You've reached the end of published parts.

⏰ Last updated: Feb 13, 2021 ⏰

Add this story to your Library to get notified about new parts!

New love again (Complete)Where stories live. Discover now