🌿12🌿

1.5K 169 2
                                    

Unicode
New love again

                      🌿12🌿

      တစ်နာရီကြာ ကားမောင်းလာပြီးတော့ ရုတ်တရက် ဝမ်းက ကားအရှိန်ကိုမြှင့်လိုက်လေ၏။ lacktop ဆီအာရုံရောက်နေတဲ့ နွေဦးသစ်လည်း ကားအရှိန်ကြောင့် ခေါင်းထောင်ကြည့်မိသော် ။

"နောက်ယောင်ခံ လိုက်လာတယ်"
"ဘာ!"

       နွေဦးသစ် lacktop ပစ်ချကာ နောက်လှည့်ကြည့်တော့ အမှန်ပဲ။ အနက်ရောင်ကားနှစ်စီးသည် သူတို့နောက်ကို ထပ်ကြပ်မကွာ လိုက်လာနေတာကို တွေ့ရ၏။

"သူတို့ကဘယ်သူလဲ...."
"ဒေါ်မြတ်ပန်းလွင်ရဲ့ နောက်လိုက်တွေ.... "

"ဟင်.... ငါတို့အခု အက်ရှင်ကားတွေထဲသလို လိုက်သတ်ခံနေရပြီလား"
"သိပ်မကွာဘူး.... ဒါပေမယ့် စိတ်မပူနဲ့ အနောက်မှာကျွန်တော်တို့လူတွေ လိုက်လာနေပြီ"

"ဟင်....."

       နွေဦးသစ် ထပ်ချောင်းကြည့်လိုက်တော့ အမှန်ပဲအနောက်မှာ ကားနှစ်စီးထပ်လိုက်လာလေသည်။ နွေဦးသစ် ကားထဲတွင် ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ ဘယ်ဘက်ပြေးကြည့်လိုက် ညာဘက်ပြေးကြည့်လိုက် ဖြစ်နေလေ၏။ အခုလို အဝေးပြေးလမ်းမှာ တစ်ခုခုဖြစ်သွားရင် ဘယ်ရဲကမှသိလိုက်မှာ မဟုတ်ပါ။

       အခန့်မသင့်ရင် မိမိအလောင်းတောင် ကုန်းကောက်စရာမရှိတော့တဲ့ အနေအထားမျိုး ဖြစ်သွားနိုင်သည်။ ထိုအချိန် ဝမ်းကသေနတ်တစ်လတ် သူ့ကိုကမ်းပေးလာ၏။

"ဒါက ဘာတုန်း...."
"ကိုယ့်ကိုကိုယ် ကာကွယ်ဖို့.... "

"ဟင်....."

       ထိုအချိန်တွင် ပစ်ခတ်မှုများ စတင်ဖြစ်ပွားလာလေသည်။ သေနတ်သံကြားသော် နွေဦးသစ်သည် မသိလိုက်ပါဘဲ သေနတ်မောင်းကို တင်ပြီးသားဖြစ်၏။ ကားမောင်းကျွမ်းသော ဝမ်းသည် ကားအကွေ့တွေဆိုရင်လည်း ဝွီခနဲ ဝွီခနဲ ကွေ့ကွေ့သွားသည်။

       ကားတစ်ချက်ကွေ့တိုင်း နွေဦးသစ်လည်း ယိမ်းယိုင်သွားလို့ သေနတ်လည်း မပစ်ရပေ။ သူတို့ကားကိုတော့ နောက်ကားကလူများသည် အဆက်မပြတ် ပစ်ခတ်နေသလို ဂရင်း၏နောက်လိုက်တွေကလည်း ရန်သူ့ကားကို ပြန်ပစ်ခတ်နေ၏။

New love again (Complete)Where stories live. Discover now