🌿4🌿

1.7K 194 0
                                    

Unicode
New love again

                        🌿4🌿

"ကိုယ်ပြောမယ်.... မင်းနဲ့ဆိုင်တဲ့ အချက်အလတ်တွေအားလုံး ကိုယ်ပြောင်းထားပြီးပြီ... မင်းက ပန်းတိုင်သစ်မဟုတ်တော့ဘူး...နွေဦးသစ်ဆိုတဲ့ ငါပိုင်တဲ့သူ ဖြစ်နေပြီ နားလည်လား...."
"ဘယ်လိုလုပ် ကျွန်တော့်ကို ခင်ဗျားက ပိုင်သွားရတာလဲ"

"ကြေးစားစစ်တပ် သုံးခုကို ကိုယ်ပိုင်တာ မင်းသိထားပါတယ်.... မင်းကိုဘယ်သူသတ်သွားလဲတောင် မသိဘဲ ဘဝကူးသွားရလိမ့်မယ်.... သစ် ကိုယ့်အရိပ်အောက်က ထွက်ပြေးဖို့ မကြိုးစားပါနဲ့"
"စကားပြောတာ ဟုတ်ပါပြီ....ဓားက ဘာလို့မချသေးတာလဲ"

"ကိုယ်ပြောတာ နားလည်လား"

       နွေဦးသစ် မျက်နှာလွှဲလိုက်ကာ

"နားလည်တယ်...."
"ကိုယ့်ကိုကြည့်ပြီးပြော နားလည်လား"

"နားလည်ပါတယ်ဆို...."

       ထိုအခါမှ ဂရင်းက ဓားကိုပြန်ချသွားသည်။ ပြီးနောက်သူက ရယ်ကာ

"လန့်သွားလား...."

       နွေဦးသစ်က သူ့လည်ပင်းပေါ်က အေးစက်စက် အထိအတွေ့ကို လက်ဝါးနဲ့ပြန်ပွတ်သပ်ကြည့်နေကာ ဂရင်းကို စကားလှည့်မပြောချေ။ လည်ပင်းကို ဓားနဲ့အထောက်ခံရမှတော့ ဘယ်သူက မလန့်ဘဲနေပါ့မလဲ။

       ဂရင်းက ဓားကို နေရာ၌ပြန်ထားကာ နွေဦးသစ်ကို တစ်ချက်ကြည့်လိုက်၏။ ပြီးနောက် ရေခဲသေတ္တာထဲက အမဲသားနဲ့ အသီးအရွက်တစ်ချို့ကို ထုတ်ပြီး စားပွဲပေါ်တွင် ချပေးလိုက်သည်။

       နွေဦးသစ်က စားပွဲပေါ် လက်နှစ်ဖက်ထောက်ကာ စားပွဲဖြူကြီးကို စူးစိုက်ကြည့်နေသည်။ သူ့အတွေးထဲ ဂရင်းက ဘယ်လိုလူလဲ ဟူသော အကြောင်းအရာကသာ ဝင်ရောက်စိုးမိုးနေ၏။

       ထိုစဥ်

"ကိုကို....."

       နွေဦးသစ် မျက်လုံးပြူးသွားသည်။ ဒါက မိန်းကလေးတစ်ယောက်၏ ပျစ်ချွဲချွဲအသံလေ။ မိန်းကလေးတစ်ယောက် အိမ်ထဲဝင်လာပြီဆိုတာ နွေဦးသစ် သိသိချင်း အကြည့်ကို တံခါးဘက်သို့ ပို့လွှတ်လိုက်သော် အနီရောင်ကိုယ်ကျပ် ဂါဝန်ဖြင့် မိန်းမလှလေးတစ်ယောက်က ရောက်နေလေပြီ။

New love again (Complete)Where stories live. Discover now