🌿8🌿

1.6K 181 0
                                    

Unicode
New love again

                       🌿8🌿

"ပြန်ရောက်နေပြီလား ရင်း......"

       သူပြေး၍ ဝယ်လာသည်များကို စားပွဲပေါ်တင်လိုက်စဥ် ဂရင်းကသူ့လက်ကို စောင့်ဆွဲပြီးဆိုဖာပေါ် လှဲချလိုက်တော့သည်။ သန်မာလွန်းတဲ့ လက်နှစ်ဖက်က သူ့လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ထားသည်။ စူးရဲရဲအကြည့်တို့က သားကောင်တစ်ကောင်နှယ် နွေဦးသစ်ကို စူးစိုက်ကြည့်နေ၏။

       ကြောက်တတ်သူသာဆိုလျှင် ဂရင်းအကြည့်ကိုမြင်ရင် ကြောက်သေးများပင် ထွက်ကျလာနိုင်ပေသည်။

"ရင်း.... ဘာဖြစ်နေတာလဲ "
"ဘာဖြစ်ရမှာလဲ မင်းငါ့စကားကို နားမထောင်ဘဲ ဘယ်သူနဲ့သွားတွေ့တာလဲ"

("ငါ မေညှင်းနဲ့သွားတွေ့တာ သူဘယ်လိုသိလဲ... တူးပြောလိုက်တာလား မဖြစ်နိုင်တာ ငါမှသူ့ကိုမပြောသွားတာ")

"မေးနေတယ်လေ...."
"သူကခဏတွေ့ချင်တယ်ဆိုလို့ပါ... "

"နွေဦး.... ငါမင်းကို သင်ပြပေးထားတာတွေက သူ့အတွက် မဟုတ်ဘူး ငါ့အတွက်.... အားလုံးက ငါ့အတွက်ပဲ မင်းနားလည်လား... "
"ခင်ဗျား စကားကောင်းကောင်း ပြောလို့မရဘူးလား အခုကျွန်တော့်ပေါ်က ဖယ်ပေး...."

"မင်းက ငါ့ကို ပြန်ပြောနေတယ်ပေါ့ ဟုတ်လား.... အဲ့မိန်းမကို သွားတွေ့ပြီး မင်းတော်တော် သတ္တိကောင်းလာတယ်ပေါ့လေ... ဟုတ်လား ဟင်.... ပြောလေ"

       နွေဦးသစ် ကြက်သေသေသွားရသည်။ အကြောင်းကတော့ ဂရင်း၏လက်နှစ်ဖက်သည် သူ့အားနဲ့ မရုန်းနိုင်လောက်တဲ့အထိ သန်မာလာပြီး စကားလုံးတွေက သူဘယ်လောက်ဒေါသထွက်နေကြောင်း ဖော်ပြနေကာ မျက်လုံးနှစ်လုံးကပါ မျက်ကပ်မှန်တပ်ထားသလို နီရဲရဲ ဖြစ်လာတာကြောင့်ပင်။

       သူသည် ဂရင်းကိုမျက်လုံးပြူးကြည့်ရင်း

"ခင်ဗျား.... ဘာဖြစ်နေတာလဲ ကျွန်တော်သူ့ကို သွားတွေ့တာ ဘာတွေမှားနေလို့လဲ... ပြီးတော့ ကျွန်တော်ကြေးအိုးလည်း စားချင်နေလို့ အပြင်ထွက်တာ ဘာလဲ.... ကျွန်တော့်ကို ဒီအိမ်ထဲမှာပဲ ပိတ်ထားပြီး ငှက်တစ်ကောင်လို လှောင်အိမ်ထဲပိတ်ထားမလို့လား.... "
"ဟုတ်တယ် ဟုတ်တယ်... အခုကစပြီး ဘယ်သူနဲ့မှမင်း မထိတွေရဘူး အပြင်လည်းမထွက်ရဘူး... နားလည်လား"

New love again (Complete)Where stories live. Discover now