🌿22🌿

1.4K 146 2
                                    

Unicode
New love again

                     🌿22🌿

        ဂရင်းကပြုံး၍ သူ့ပါးကိုငုံ့နမ်းလာသည်။

"ဘာဖြစ်တာလဲ "
"ရင်း ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာလဲ"

"ချစ် လို့ခေါ်လိုက်တာလေ.... မင်းမကြိုက်ရင် ကိုယ်မခေါ်ပါဘူး... "
"ကြိုက်ပါတယ် ဒါပေမယ့် ရင်းနှုတ်ဖျားက နွေလို့ခေါ်တာလေးကို ပိုကြိုက်တယ်.... ကျွန်တော့်နာမည်ကို ရင်းခေါ်လိုက်တဲ့အချိန်တိုင်း ကျွန်တော့်နှလုံးသားက တကယ်နွေးထွေးသွားတယ်... "

"ဟုတ်ရဲ့လား "
"မယုံဘူးလား.... မယုံရင် ရင်ဖွင့်ပြမယ်"

       ပြောရင်းဆိုရင်း ရင်ဘတ်ကြယ်သီးကို ဖြုတ်နေပြန်သည်။ ဂရင်းလည်း နွေဦးသစ်အား ခုတင်ပေါ်တွန်းလှဲချကာ ပြင်းရှရှ အနမ်းတို့ ဖန်တီးပေးလိုက်လေသည်။ တစ်ယောက်နဲ့တစ်ယောက် နမ်းရှိုက်ရင်း ဘယ်သူကဘယ်သူ့အကျီကို ချွတ်ပေးလိုက်သလဲမသိ နှစ်ယောက်လုံး အဝတ်ဗလာကျင်းဖြင့် ခုတင်ထက်တွင် နမ်းရှိုက်နေ၏။

       ခန္ဓာကိုယ်နှစ်ခု ပွတ်သပ်နေသည်။ ပင့်သက်ရှိုက်သံများ ဆူညံလာသည်။ တဖွဲဖွဲ ကျလာသော မိုးစက်များ၏အသံကို အနိုင်ယူတော့မည့် အသားချင်းထိရိုက်သံတို့ ပျံ့လွင့်သွား၏။ မမောနိုင်မပန်းနိုင် ချစ်တင်းနှောပြီးနောက်တွင် မနက်၄နာရီပင် ထိုးသွားပြီ။

"ဟူး..... ကျွန်တော် ရင်းကိုတကယ်မစရဲတော့ဘူး "

        ရင်းကပြုံးသည်။

"ရေချိုးပြီးပြီဆိုတော့ အိပ်လိုက်တော့.... ဟိုနှစ်ယောက်ကိစ္စ ကိုယ်စီစဥ်ပေးထားပြီးပြီ ဘာမှစိတ်မပူနဲ့ "
"အင်းပါ...."

       နွေဦးသစ် ခေါင်းအသာညိတ်ပြပြီး ဂရင်းခြုံပေးတဲ့စောင်အောက်မှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။

        တစ်ဖက်အခန်းတွင်တော့ ယံသည် သူ့အဝတ်တွေကော ဆုံမှတ်၏အဝတ်တွေကော သေချာခေါက်၍ လက်ဆွဲအိတ်ကြီးတစ်ခုထဲ ထည့်နေသည်။ သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေ၏။

       ခိုးရာလိုက်ရတော့မယ့် မိန်းမပျိုလေးတစ်ယောက်လိုပဲ။ ဆုံမှတ်က ကျောင်းဥက္ကဌကိုဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြနေသည်။ ယံ အဝတ်အစားထည့်ရင်း အမေ့အကြောင်း စဥ်းစားမိ၏။

New love again (Complete)Donde viven las historias. Descúbrelo ahora