🌿7🌿

1.6K 174 0
                                    

Unicode
New love again

                       🌿7🌿

       Lacktop ဖွင့်ပြီး လူမှုကွန်ရက်ကို ဖွင့်ကြည့်တော့ သတင်းတစ်ခုကို သူတွေ့ရလေသည်။ Asia light က အစားအသောက်တွေဟာ မလတ်ဆတ်တော့ကြောင်း ၊ ကုန်ပစ္စည်းတွေဟာလည်း ဒိတ်လွန်ကုန်ပြီဖြစ်ကြောင်း။

       အဝတ်အစားတွေ ညံ့လာကြောင်း စသည်သာမက ပိုလို့ဆိုးရွားသော သတင်းတွေတောင် တက်လာသေးသည်။ နွေဦးသစ်ပြုံးကာ ဂရင်းအခန်းဘက်ကို မျက်နှာလှည့်လိုက်ပြီး ဆို၏။

"နေ့ချင်းညချင်း ဒီလောက်သတင်းတွေ တက်လာအောင် လုပ်ပစ်တယ်ပေါ့.... အဟင်း.... ခင်ဗျားက တကယ်နတ်ဆိုးပဲ"

       နောက်ထပ် သတင်းတစ်ခုကတော့ အပန်းဖြေစခန်းတွေရဲ့ပိုင်ရှင် ဂရင်းစတီပင်ကို အနုပညာကုမ္ပဏီက ကြော်ငြာတစ်ခုအတွက် ကမ်းလှမ်းလိုက်တယ် ဆိုတာပင်။

"ဘာလဲဟ... သူကမင်းသား လုပ်အုံးမလို့လား "

       စာလုံးများအောက်တွင်တော့ အနောက်တိုင်းဝတ်စုံဖြင့် ဂရင်းသည် ခန့်ငြားချောမောသော အသွင်တို့ကို ယူဆောင်ကာ ပွဲအခမ်းအနားတစ်ခုတွင် ရိုက်ထားသော ပုံတစ်ပုံ ဖြစ်လေသည်။ React တွေတောင် တော်တော်များများ ရထားသေး။

       မန့်တွေကလည်း ဂရင်းက ဘယ်လောက်ချောကြောင်း၊ ချစ်ကြောင်း ပြောထားကြသည်ကလည်း မိန်းကလေးအများဆုံးဖြစ်လေသည်။ ဂရင်းကတော့ အသက်မပါတဲ့ မျက်နှာနဲ့တောင် မိန်းကလေးများ၏ အသည်းနှလုံးကို ဖမ်းစားနိုင်နေပြီ။

       သူအောက်ကို ဆက်ကြည့်တော့ ဂရင်းက ယခုလေးတင် ထိုကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း သတင်းပင်။

'ဝုန်း.....'

       ခုတင်ပေါ်ကခုန်ချကာ ဂရင်းအခန်းကို ပြေးလေသည်။

'ဒုန်း.... ဒုန်း....'.

"ရင်း..... တံခါးဖွင့်အုံး...."

       ဂရင်းက တံခါးလာဖွင့်ပေး၏။ ရေချိုးပြီးခါစမို့ အပေါ်ပိုင်း ဗလာနှင့် ခေါင်းတွေလည်း စိုနေသည်။ ဝမ်းဗိုက်ကြွက်သားတို့က အထင်းသား ပြသထားလေသည်။ စောစောကလေးတင် မိန်းကလေးများ ကြွေနေသော လူတစ်ယောက်က ဒီလောက်ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ရှိနေမှတော့။

New love again (Complete)Where stories live. Discover now