🌿20🌿

1.4K 158 1
                                    

Unicode
New love again

                      🌿20🌿

       နွေဦးသစ်က ခေါင်းခါပြ၏။

"မပါချင်ပါဘူး.... အဲ့လိုပါဝင်လိုက်ရင် ကျွန်တော်ရင်းကို အချိန်ပေးနိုင်မှာ မဟုတ်ဘူး.... ဒီအတိုင်း စန္ဒယားတီးတတ်ပြီးဆိုတာနဲ့ ကျွန်တော်ကျောင်းထွက်မယ်.... အစကတည်းက ကျောင်းမှမတက်ချင်တာကို"

       နွေဦးသစ်က ပြုံးလျက် ပြောပြနေ၏။ မတက်ချင်ဘူးလို့ ပြောလိုက်ရင် ဂရင်းစိတ်မကောင်းဖြစ်သွားမှာလည်း စိုးမိတာမို့ အပြုံးနဲ့ကုစားပေးရသည်။ ဂရင်းကသူ့ကို ခေါင်းအသာညိတ်ပြ၏။

"ကဒ်ထဲ မုန့်ဖိုးထည့်ပေးထားတယ်...."
"တကယ်?.... ဒါဆို ကျွန်တော်ဒီနေ့ သူငယ်ချင်းနဲ့ မုန့်ထွက်စားလို့ ရတယ်ပေါ့"

"ဂရုစိုက်အုံး...."
"ဟုတ် ဟုတ်....."

       ကားထဲ ခေါင်းပြန်ထည့်ပြီး ဂရင်း၏ပါးတစ်ဖက်ကို အနမ်းတစ်ပွင့် ဆုအဖြစ် ပေးလိုက်သည်။ ထို့နောက် ဂရင်းကိုနှုတ်ဆက်ကာ ကျောင်းဝန်းထဲသို့ ဝင်လာခဲ့သည့်အခါ သူ့ဘက်ကိုလှည့်၍ ပြုံးစိစိကြီးလုပ်ပြနေတဲ့ ကြွေလွင့်ကို တွေရလေ၏။

"ဘာရီနေတာလဲ"
"ငါblကားများ ကြည့်နေရတာလားလို့.... "

"ဟားဟား နင်ကတော့နောက်ပြီဟာ.... ကျောင်းက လူငယ်အဖွဲ့တွေ ရွေးတော့မယ်ကြားတယ် နင်မဝင်ဘူးလား"
"မဝင်ပါဘူးဟာ ငါကသရုပ်ဆောင်ပဲလုပ်မှာ.... အဆိုအကကျတော့ ငါအားမသန်ဘူးလေ... ငါကသရုပ်ဆောင်လောက်ပဲပိုင်တာ ဟီး...."

       သူတို့နှစ်ယောက် ကျောင်းခန်းထဲ အတူတူဝင်လာခဲ့သည်။ ကျောင်းဆောင်ကြီး၏ရှေ့တွင် ပိုးအိတ်လေးလွယ်လျက် ဖြူဖြူသေးသေး ယံတစ်ယောက်သည် ခပ်သုတ်သုတ် ခြေလှမ်းများဖြင့် ကျောင်း၏ဥယျာဥ်ဘက်ကို ထွက်သွားတာကို တွေ့လိုက်သည်။

       ကျောင်းတွင် ချစ်သူစုံတွဲများအတွက် သီးသန့် ဥယျာဥ်တစ်ခု ပြုလုပ်ပေးထားပြီး စုံတွဲရှိသော ကျောင်းသားတို့သည် ထိုဥယျာဥ်ထဲတွင် တစ်ယောက်နဲ့တစ်ယောက် ချစ်စကားများဆိုရင်း အချိန်ကုန်ကြသည်။

       ခဏကြာတော့ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတဲ့ ဆုံမှတ်ကိုပါ တွေ့လိုက်ရလေသည်။ အမှန်မှာ ယံသည် ဥယျာဥ်ထဲတွင် သူ့ဖုန်းလေးကျန်ခဲ့တာကြောင့် မြန်မြန်ပြေးယူခြင်း ဖြစ်လေရာ ဆုံမှတ်က လှမ်းတွေ့လို့ အနောက်ကလိုက်သွားခြင်းပဲ ဖြစ်၏။

New love again (Complete)Where stories live. Discover now