🌿5🌿

1.8K 200 1
                                    

Unicode
New love again

                       🌿5🌿

       ဂရင်းကို ဆန်ပြုတ်တိုက်ပြီးနောက် ဂရင်းအခန်းရဲ့ဘေးက သူ့အခန်းဆီ ပြန်လာပြီး အိပ်စက်ရန် ပြင်လိုက်၏။ အခန်းက ကပ်ရပ်ပဲဖြစ်ကာ သူ့အခန်းက ဂရင်းအခန်းထက် ကျဥ်းတာကလွဲလို့ ပစ္စည်းများအားလုံးက အကောင်းစားများပင်။

       အဲကွန်းကလည်း ကောင်းလို့ ညဆိုရင်တော့ အိပ်ကောင်းမည့်ပုံပင်။ မိုးဦးကျတော့မည် ဖြစ်သဖြင့် အဲကွန်းကို အအေးဓာတ်အနည်းငယ် လျှော့ပြီးမှ ကိုယ်လက်သန့်စင်ကာ အိပ်ရာထဲကွေးလိုက်သည်။ အိပ်ရာပြောင်းခါစမို့ ထင်ပါရဲ့။ တော်တော်နဲ့ အိပ်မပျော်ချေ။

       ထို့ကြောင့် သူထထိုင်မိစဥ် သူနှင့် မျက်နှာချင်းဆိုင်က နံရံဖြူဖြူပေါ်တွင် နီရဲနေသည့် ကင်းတစ်ကောင်းက ဖြည်းဖြည်း ဖြည်းဖြည်းချင်း တွယ်တပ်နေလေသည်။ ကံဆိုးချင်တော့ နွေဦးသစ်က ကင်းခြေများဆို အသေကြောက်။

"အား..........."

       သူ၏ငယ်သံပါအောင် အော်သံကြောင့် ဘေးကအခန်းက ဂရင်းလည်း ထိတ်လန့်ကာ ပြေးဝင်လာလေသည်။ သူက အိပ်ရာပေါ်က နွေဦးသစ်ဆီ ပြေးလာ၍ ဘာဖြစ်တာလဲဟုပင် မမေးရသေး နွေဦးသစ်က သူ့အနောက်ကို အမြန်ဝင်ပုန်းတော့သည်။

"မင်း ဘာ​ဖြစ်တာလဲ...."
"ဟိုမှာ ကင်း...."

"ကင်း?"

       မီးခလုတ်ပြေးဖွင့်ကြည့်တော့မှ ဂရင်း၏လက်သန်း သာသာလေးရှိတဲ့ ကင်းခြေများတစ်ကောင်ကို တွေ့ရလေသည်။ ဂရင်းမှာ ရယ်လည်းရယ်ချင် ကြောက်လို့တုန်နေတဲ့ နွေဦးသစ် ထပ်လန့်သွားမှာလည်း စိုးတာကြောင့် ။

"ဘာတွေကြောက်နေတာလဲ..."
"အဲ့မှာကင်းလေ.... မမြင်ဘူးလား "

"မြင်တယ်လေ.... ကင်းက လက်သန်းလောက်ပဲရှိတာကို အော်နေလိုက်တာ "
"ဟ.... ကြောက်ပါတယ်ဆိုမှပဲ ကင်းကို အကြီးအသေး ရွေးကြောက်နေရအုံးမှာလား"

"One........"

       ဂရင်း၏ကျယ်လောင်စူးရှတဲ့ အော်သံပြီး တစ်အောင့်ကြာတော့ ဂရင်းကိုဆေးသွင်းပေးတဲ့ သက်တော်စောင့်ရောက်လာသည်။ နွေဦးသစ် ဒီကိုရောက်ပြီးနောက်ပိုင်း သက်တော်စောင့်နာမည်ကို ပထမဆုံး ကြားဖူးတာပင်။

New love again (Complete)Where stories live. Discover now