🌿6🌿

1.7K 190 0
                                    

Unicode
New love again

                      🌿6🌿

"နွေဦးသစ်...."
"ဗျာ....."

"ဘယ်လိုလဲ... တိုးတက်မှုရှိလား"
"ဒါပေါ့ ကျွန်တော်ဒီလောက် ဥာဏ်ကောင်းတာကိုး.... ဒါနဲ့ ခင်ဗျားအလုပ် အဆင်ပြေလား"

       ဂရင်း လက်ပြလိုက်တော့ သက်တော်စောင့်က အပြင်ထွက်သွားလေသည်။ နွေဦးသစ်လည်း မှတ်စုအနည်းငယ် ရေးသားထားသော စာအုပ်နှင့် ကွန်ပျူတာအား သိမ်းဆည်းနေသည်။

"ပြေတယ်... သူတို့ကိုဆီ ကုန်ပစ္စည်းတွေ မတင်သွင်းအောင် စီစဥ်လိုက်တယ်"
"ဟင်... ဘယ်လိုလုပ်လိုက်တာလဲ "

       ဂရင်းက သူ့နက်ကတိုင်ကို လက်ချောင်းဖြင့် လှည့်ဖြုတ်ရင်း

"ဒီလိုပဲ... သူတို့က ကိုင်တွယ်ရ လွယ်ကူတယ်... သူတို့ရဲ့ပစ္စည်းတွေကို Asia light ကို မတင်သွင်းတော့ဖို့ တစ်ဖက်လှည့် ဥာဏ်သုံးလိုက်တာပေါ့... "
"ဘယ်လို.... မေညှင်းက ခင်ဗျားနဲ့ ဘာတော်တာလဲ"

"အဟင့် မင်းသူ့နာမည်ကို မမေ့သေးဘူးဘဲ... "
"ကျွန်တော်အပေါ် သစ္စာဖောက်သွားတဲ့ သူပဲ... ကျွန်တော်ဘယ်လိုလုပ် မေ့မှာလဲ ပြောပါအုံး ဘယ်လိုတော်တာလဲ"

       ဂရင်းက သူ့လက်ဝါးကို ငုံ့ကြည့်ကာ အေးစက်စက် မျက်ဝန်းတို့ တဖြည်းဖြည်း စိုးမိုးလာသည်။ သူအော်ဟစ် တောင်းပန်နေတာတောင် အလွတ်မပေးခဲ့တဲ့ ထိုလူတွေရဲ့ မျက်နှာကို ပြန်မြင်ယောင်ကြည့်ရင်း လက်သီးတင်းတင်း ဆုပ်ထားလိုက်သည်။

        အခြေအနေမကောင်းတော့တာကို နွေဦးသစ် သတိထားမိသည်။ မေညှင်းက ဂရင်းလက်စားချေမည့် မိန်းမ၏ သမီးဖြစ်နေလို့လားဟုလည်း သူတွေးနေ၏။ ဂရင်းကတော့ သူ့အမေးကို မဖြေလာပေ။

       ထိုအစားသူက ဆိုဖာအနောက်ကို လှန်ချလိုက်ပြီး လေတစ်ချက် မှုတ်လေသည်။

"သံပုရာရည် သောက်ချင်တယ် "
"Ok"

       နွေဦးသစ် ထသွားတော့ ဂရင်းသည် စားပွဲပေါ်က နွေဦးသစ်၏ မှတ်စုစာအုပ်ကို ဆွဲယူကြည့်လေသည်။ လူကသာ ဘုစပ်စပ်နဲ့ စကားပြောတာ လက်ရေးကတော့ အတော်လှသား။ သေချာသင်ပြရင် အရည်အချင်းရှိတဲ့ လူတစ်ယောက် ဖြစ်နိုင်တဲ့ လူမျိုးပင်။

New love again (Complete)Opowieści tętniące życiem. Odkryj je teraz