🌿23🌿

1.4K 150 0
                                    

Unicode
New love again

                      🌿23🌿

"ရင်း...."
"ဟုတ်တယ် နွေ.... အဲ့ဒီလူကို ကိုယ်သတ်ပစ်လိုက်တာ"

"တွေ့လား....."

       ကြွေလွင့်က ဂရင်းလက်ထဲမှ DNAစစ်ဆေးချက် စာရွက်ကို ပြန်လုယူသည်။

"ထွက်သွား..... ငါနင့်မျက်နှာကို မမြင်ချင်ဘူး.... သွား...."
"ကြွေလွင့်.... "

       နွေဦးသစ် ဝင်ပြောရန်ပြင်သော်လည်း။

"နင်ဝင်မပါနဲ့ နွေဦးသစ်.... "
"မဟုတ်သေးဘူး ကြွေလွင့်.... ရင်း အဲ့ဒီလူကိုသတ်ရတယ်ဆိုတာက သူ့အပေါ်ကို မကောင်းကြံခဲ့ကြလို့... "

"အဲ့ဒီလူမဟုတ်ဘူး.... အဲ့တာနင့်အဖေ နင့်အဖေသိရဲ့လား"

       ကြွေလွင့် ပြောနေပုံက မှန်ကန်ကြောင်း သက်သေရှိနေသော်လည်း နွေဦးသစ်အတွက်တော့ ဒါကယုံရခက်တဲ့ အကြောင်းအရာတစ်ခုပဲ ဖြစ်သည်။ ထို့ကြောင့် သူသည် မည်သို့မျှမခံစားရဘဲ သူတို့နှစ်ယောက်ကြား ခေါင်းရှုပ်နေမိတော့သည်။

       ဂရင်းဘာကြောင့် လက်စားချေသလဲ၊ ဘာကြောင့် လူသတ်တာလဲ သူသိသည်လေ။ ဂရင်းခံစားခဲ့ရတာတွေက သူ့ထက်မှမနည်းဘဲကိုး။ ဂရင်းကမတ်တပ်ထရပ်လိုက်ပြီး နွေဦးသစ်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

       နွေဦးသစ် နဲ့ ဦးခွန်းဖောင်က DNAတူနေမှတော့ သားအဖဖြစ်တယ်ဆိုတာ သူမေးစရာတောင် မလိုအပ်။ သူကြောက်တာက နွေဦးသစ်သူ့ကို မုန်းသွားမှာကိုပဲ။ သူသတ်မိတာက နွေဦးသစ်အဖေတဲ့လေ။ ဒါဆို ဒေါ်မြတ်ပန်းလွင်ကကော နွေဦးသစ်ရဲ့အမေလား။

"နွေ..... ကိုယ်တောင်း...."
"မပြောနဲ့ ရင်း"

       နွေဦးသစ်က သူ့အနားကို ဖျတ်ခနဲရောက်လာကာ သူ့လက်ကောက်ဝတ်နှစ်ဖက်ကို ဆုပ်ကိုင်လာသည်။ အပြစ်မဖွဲ့သော မျက်လုံးတွေက ဂရင်းကိုမော့ကြည့်နေ၏။ နှုတ်ကမပြောပေမယ့် နွေ့မျက်လုံးတွေက သူ့အပေါ်နားလည်ကြောင်း ပြသနေသည်။

       စကားနဲ့ ပြောလို့မကုန်နိုင်တဲ့ အရာတွေကို သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အကြည့်များဖြင့် စကားပြောဖူးသည်။ ထိုသို့ဖြစ်လာတာကလည်း တစ်ရက်နှစ်ရက်မှ မဟုတ်တော့တာ။

New love again (Complete)Where stories live. Discover now