🌿19🌿

1.4K 143 1
                                    

Unicode
New love again

                       🌿19🌿

"ရင်း.... မီး"

       ခြံစောင်ကြီးက မီးခလုတ်ဖွင့်လိုက်တော့မှ တစ်အိမ်လုံး လင်းထိန်သွားတော့သည်။ အိမ်က တစ်ထပ်အိမ်ကလေး ဖြစ်ပြီး အခန်းတွေအများကြီး ရှိသည်။ အိမ်ထဲတွင်လည်း စိမ်းစိမ်း စိမ်းစိမ်းနဲ့ ပန်းအိုးတွေက နေရာအနှံ့မှာ ရှိနေလေ၏။

       ဂရင်းကတော့ နာမည်နဲ့လိုက်အောင် တစ်အိမ်လုံးကို အစိမ်းရောင်နဲ့ ဆင်မြန်းထားတာပင်။ ထိုစဥ် ဝမ်းက

"သခင်.... သခင်လေးအတွက် ဘယ်အခန်းကို ပြင်ဆင်ပေးရမလဲ"
"မလိုဘူး.... "

       ဖြေလိုက်သူက ဂရင်းမဟုတ်ပါ။ နွေဦးသစ်သာ ဖြစ်ပေ၏။

"ကျွန်တော် ရင်းနဲ့တစ်ခန်းထဲ နေမယ်.... ပြောလို့မရဘူး ဒီနေရာမှာ အကောင်တွေရှိချင်ရှိနေမှာ.... "

       ဝမ်းက ဂရင်းဆီကအဖြေမရသေးတာကြောင့် ကြည့်လိုက်သော် ဂရင်းကလည်း ခေါင်းညိတ်ပြလာသည်။ နွေဦးသစ် အကောင်ပလောင်တွေကြောက်တာ သူသိသည်လေ။ ပထမဆုံး ပြောင်းလာတုန်းကလည်း ကင်းခြေများတစ်ကောင်ကြောင့် သူ့အခန်းထဲ ပြေးလာအိပ်ခဲ့သည်။

       နွေဦးသစ် မီးဖိုခန်းကို ပြေးကြည့်တော့ လွင်က ညစာချက်ပြုတ်ပေးရန် ပြင်ဆင်နေ၏။

"သခင်လေး.... ဗိုက်ဆာနေပြီလား "
"ကျွန်တော့်ကို နွေဦးသစ်လို့ ခေါ်ရင်ရပါတယ်ဗျာ... ဗိုက်ကတော့ မဆာသေးပါဘူး အိမ်ကိုလျှောက်ကြည့်နေတာ.... ဒါနဲ့လွင်နဲ့ဦးလေးက ဘယ်မှာနေကြမှာလဲ"

"ဟိုဘက်မှာ ကျွန်တော်တို့အတွက် အိမ်တစ်အိမ် ရှိတယ်ဗျ.... ဦးလေးနဲ့ကျွန်တော်က အဲ့ဒီမှာနေမှာ အိမ်ကကောင်းတယ် သူဌေးကကျွန်တော်တို့အပေါ် တကယ်ကောင်းပါတယ် ညစာဘာဟင်းစားချင်လဲ"
"ညစာ?"

"ဟုတ်တယ်လေ ဒီနေရာက အသီးအရွက်နဲ့ အသားငါးတွေကို တစ်ရက်တစ်ခါ အလုပ်သမားတွေ လာပို့ပေးတယ်"
"ဟုတ်လား... ရင်းကတော့ ဘီလီယံနာများလား မသိဘူး.... ထွေထွေထူးထူးတော့ မချက်နေပါနဲ့... အသီးအရွက်လောက်ဆိုရတယ် ကျွန်တော်ကူညီမယ်လေ"

New love again (Complete)Wo Geschichten leben. Entdecke jetzt