🌿16🌿

1.5K 160 0
                                    

Unicode
New love again

                      🌿16🌿

       သူတို့နှစ်ယောက်အတွက် အခန်းဆီရောက်သော် နွေဦးသစ်ကတံခါးဖွင့်ပေးမည်အလုပ် မန်နေဂျာမမကသာ အရင်ဦးအောင် ဖွင့်ပေးလေသည်။ နွေဦးသစ် လှည့်ကြည့်တော့ သူမက ပြုံးပြလာ၏။ ဂရင်းနှင့် နွေဦးသစ် အခန်းထဲဝင်သွားပြီးတော့ သူမက တံခါးပိတ်ပေးပြီး ထွက်သွားသည်။

       မိုးဦးကာလပေမယ့် နိုင်ငံခြားက လေ့လာလည်ပတ်သူတွေကတော့ ပေါများနေဆဲဖြစ်တာကြောင့် ဒီနေရာမှာ စိုစိုစွတ်စွတ်နဲ့ ဘာတွေများကြည့်စရာရှိလို့လဲ ဆိုတဲ့အကြောင်း နွေဦးသစ် သိချင်သွား၏။ သူသည် ပြတင်းပေါက်လိုက်ကာကိုဖွင့်လျက် အပြင်ကို ချောင်းကြည့်လိုက်သော် ။

"Wow....."

       ဟိုတည်အနောက်မှ လှပတဲ့ တောင်တက်လမ်းတစ်ခုရှိနေသည်။ လူအနည်းငယ်သာ ထိုတောင်တက်လမ်းပေါ် ပျော်ပျော်ရွှင်ရွှင် တက်နေကြ၏။ တောင်တက်လမ်းပေမယ့် အမိုးပါသည့်အတွက် မိုးရွာရင်တောင် စိတ်ပူစရာမလိုဘူးလေ။

       လှေခါးတွေလည်း တွေ့ရ၏။ နွေဦးသစ် သိချင်စောဖြင့် ဂရင်းကိုပြေးမေးရန် လှည့်လိုက်စဥ် အနောက်တွင်ရပ်နေသော ဂရင်းကိုဝင်တိုက်ပစ်တော့သည်။

"အင့်.... ဟဲဟဲ ခင်ဗျား ရောက်နေတာကိုး.... အဲ့ဒီလမ်းက ဘယ်ကိုသွားတာလဲ"
"အဲ့ဒီလမ်းကနေ သွားရင် မိုးဦးရောက်မှပွင့်တဲ့ ပန်းတွေဆီ ရောက်တယ်.... "

"သူတို့က မိုးရာသီတစ်ရာသီတည်း ပွင့်တာပေါ့ ဟုတ်လား... အဲ့တာကြောင့် လူမပျက်တာကိုး ကျွန်တော်တို့လည်း သွားရအောင်လေ ရတယ်မလား ရင်းအလုပ်ရှိသေးလား "
"ရှိသေးတယ်.... "

"ကိစ္စမရှိဘူး ကျွန်တော်စောင့်ပေးမယ်... "
"အင်း....."

       ဂရင်းက သူဖွင့်ထားတဲ့ ဟိုတည်တိုင်းမှာ သူ့အတွက် အခန်းတစ်ခန်းကို အမြဲလိုလို သီးသန့်ချန်ထားတတ်သည်။ အခုအခန်းမှာတော့ တောင်စိမ်းအပန်းဖြေစခန်းရဲ့ မြေပုံနဲ့ သက်ဝင်ပန်းချီကားချပ်များကို နံရံတွင် ခမ်းခမ်းနားနား ချိတ်ဆွဲထားလေသည်။

New love again (Complete)Where stories live. Discover now