🌿2🌿

2K 213 3
                                    

Unicode
New love again

                      🌿2🌿

      သူကလည်း အလုပ်သမားပဲ မဟုတ်ပါလား။ သူ့အတွက် ထိုသူက ကားတံခါးဖွင့်ပေးတာကြောင့် အနည်းငယ် ကြောင်အန်းမိသော်လည်း ကားထဲတွင် သူဌေးစောင့်နေရသည်ဟူသည့် အသိစိတ်ကြောင့် သူကားထဲ ဝင်ထိုင်လိုက်သည်။

       ဂရင်းနဲ့တော့ ခပ်ခွာခွာပေါ့။ သူ့လိုညစ်ပေတဲ့ ရွံလေးက ရွှေချောင်းနားတော့ မထိကပ်နိုင်ဘူး မဟုတ်လား။ ဂရင်းကိုကြည့်လိုက်တော့ ဦးထုပ်အစိမ်းရောင်ကို မျက်နှာအုပ်လျက် အိပ်နေသည်။ လက်ကိုပိုက်ထားပြီး ခြေတစ်ဖက်ကိုချိတ်လျက် အနေအထားမျိုး။

("ငါမှားဝင်မိပြီလား....")

       ထိုအတွေးနဲ့ ပြန်ထွက်မည်အလုပ်။

"မင်းပုံစံကို ပြောင်းရမယ်...."

       ဂရင်းက စကားစပြောလာ၏။

"ဗျာ...."
"မင်းရဲ့ပုံစံကို ငါပြောင်းပေးမယ်.... အခုကစပြီး မင်းငါ့ဘေးမှာ နေရမယ် ငါ့ရဲ့အလုပ်တွေကို ကူလုပ်ပေးရမယ်.... "

"ဟုတ်ကဲ့... ဒါပေမယ့် ကျွန်တော်ပြောချင်တာလေး တစ်ခုရှိတယ်"
"အင်း.... ပြောလို့ရတယ် "

"ကျွန်တော်က ထောင်ထွက်တစ်ယောက်... အစ်ကို့ရဲ့အလုပ်မှာ အနှောက်အယှက်များ ဖြစ်နေမလား"
"မဖြစ်ဘူး... မင်းနဲ့ဆိုင်တဲ့ အချက်အလတ်တွေအားလုံး ကိုယ်ဖျောက်ပစ်မယ်... မင်းရဲ့နာမည်ကအစ"

"ဗျာ!"

       ထိတ်လန့်သွားဟန်ရှိသော ပန်းတိုင်သစ်အသံကိုကြားတော့ ဂရင်းက ဦးထုပ်ကိုဖယ်ကာ သူ့ကိုကြည့်လာသည်။ တောက်ပလွန်းတဲ့ အကြည့်တွေက သူ့ကိုဖောက်ထွက်မတတ် ကြည့်လာလို့ နည်းနည်းတောင် ကြက်သီးထမိ၏။

        သူချက်ချင်းပဲ စကားကို ပြန်ပြင်ပြောလိုက်သည်။

"တခြားမဟုတ်ပါဘူး.... ဒီအတိုင်း ကျွန်တော်ဝမ်းသာလို့ပါ"
"ဪ...."

        ကားစထွက်တော့ ကားအရှေ့ခန်းက သက်တော်စောင့်က ပန်းတိုင်သစ်ကို ဖိုင်တွဲတစ်ခုပေးသည်။ ဂရင်းက ပြော၏။

"အဲ့တာ ငါနဲ့ပတ်သက်ပြီး မင်းသိထားသင့်တဲ့ အချက်တွေ"
"ဟုတ်ကဲ့"

New love again (Complete)Where stories live. Discover now