🌿3🌿

1.9K 206 6
                                    

Unicode
New love again

                      🌿3🌿

        ပန်းတိုင်သစ်လည်း ထိုလူငယ်ရဲ့ဇွန်းနဲ့ ခရင်းကိုကောက်၍ သူ့လက်ထဲ ပြန်ထည့်ပေးရင်း

"ဘယ်လိုဖြစ်လို့ ဒီလောက်လန့်သွားရတာလဲ"
"ဒါက...."

"အင်း....."
"သူဌေးဝယ်ပေး​တာ...."

"ဟုတ်တယ်.... အဟက် ကျွန်တော်က အခုမှအလုပ်စလုပ်တော့ လစာမရှိသေးဘူးလေ... အဲ့ဒါကြောင့် သူဌေးကစိုက်ပေးထားတာ ကျွန်တော့်လစာထဲက ခုမှာပါ.... အဲ့ဒါဘာဖြစ်လို့လဲ "
"ဘာမှမဖြစ်ပါဘူး.... ငါ့နာမည် စောလု...ငါက တရုတ်စပ်လေ"

("တစ်ရက်စုတ်ပေါ့")

       ပန်းတိုင်သစ် သူ့အတွေးနဲ့သူ ရယ်လိုက်စဥ် ဖုန်းက မက်ဆေ့သံဝင်လာသည်။ သူဖွင့်ကြည့်လိုက်တော့ ​ပြောင်းလဲထားပြီဖြစ်တဲ့ သူ့ရဲ့ကိုယ်ရေး အချက်အလတ်တွေ။ ဖုန်းကိုချ၍ သူပြန်မိတ်ဆက်လိုက်သည်။

"ကျွန်တော်က နွေဦးသစ်ပါ..."
"Ok....."

       သူတို့နှစ်ယောက် စကားအနည်းငယ် ပြောကြည့်ပြီးနောက် အဆင်ပြေပြေ ခင်မင်သွားကြသည်။ ပန်းတိုင်သစ် တစ်ဖြစ်လည်း နွေဦးသစ်သည် စားပြီးသောပန်းကန်များကို ဆေးကြောသည့် နေရာတွင် အပ်ထားခဲ့ပြီးနောက် ဟိုတည်ရှေ့က အနက်ရောင်ကားကြီးနားတွင် ရပ်စောင့်နေလိုက်သည်။

       ဟိုတည်ကို စိမ်းစိုသော သစ်ပင်ပန်းမံများဖြင့် ကာရံပြုလုပ်ထားပြီး ဧည့်သည်များ အပန်းဖြေရန် ဥယျာဥ်များလည်း လုပ်ထားသေးတာ တွေ့ရသည်။ ဂရင်းက ထိုအရာတွေကို သဘောကျတာလားဟုတောင် သူတွေးမိသည်။ နိုင်ငံတကာမှာ သူ့အပန်းဖြေစခန်းတွေ ရှိနေတယ်ဆိုတော့လေ။

       ထိုစဥ် ဂရင်းဆင်းလာတာကြောင့် သူကားတံခါးကို အသင့်ဖွင့်ကာ စောင့်နေလိုက်သည်။ ဦးထုပ်အောက်က ဂရင်း၏နှုတ်ခမ်းက လတ်ခနဲ တောက်သွားတာကို အမှတ်မထင် တွေ့လိုက်ရတော့ သူနည်းနည်း စိတ်ထဲနေလို့ကောင်းသွားသည်။

        စောစောက သူပြန်ပြောထားမိတာကြောင့် ဂရင်းသူ့ကို ခပ်တင်းတင်း ဆက်ဆံတော့မယ်လို့ ထင်ထားသော်လည်း သူထင်ထားသလိုတော့ ဟုတ်မလာခဲ့ချေ။ ဂရင်း ကားထဲဝင်ပြီးသော် သူလည်းလိုက်ဝင်ခဲ့၏။

New love again (Complete)Unde poveștirile trăiesc. Descoperă acum