🌿13🌿

1.5K 163 4
                                    

Unicode
New love again

                       🌿13🌿

       ရုတ်တရက် သဝန်တိုကြမ်းသော ဂရင်းကိုသတိရသွားကာ အိမ်ထဲကို အမြန်ပြန်ပြေးဝင်ခဲ့သည်။ လွင် သူ့ကိုထပ်ငေးနေတာလည်း သူပြန်မကြည့်နိုင်တော့ပေ။ အိမ်ထဲရောက်တော့ သူထွက်သွားတုန်းကအတိုင်းပဲ ဂရင်းက ဧည့်ခန်းမှာ ရှိနေသည်။

"ရင်း.... ဗိုက်ဆာပြီလား ကျွန်တော်ညစာချက်လိုက်မယ်"
"မဆာသေးဘူး မင်းကော"

       မီးဖိုထဲသွားတော့မည့် ခြေလှမ်းတွေ ရပ်သွားသည်။ ဂရင်းဘက်ကနေ သူ့ကိုထမင်းဆာပြီလားလို့ ပြန်မေးတာ ဒါကပထမဆုံးပင်။ ထို့ကြောင့် နွေဦးသစ် ဝမ်းသာအားရဖြင့် ဂရင်းဘက်ကိုပြန်လှည့်ကြည့်မိလေသည်။

       ဂရင်း အာရုံက သူ့ထံတွင် ရှိမနေ။ lacktop တစ်လုံးနဲ့ ဘာတွေလုပ်နေမှန်းမသိ။ သူကတော့ သူ့ကိုဂရုတစိုက်နဲ့ မေးနေတယ်လို့ ထင်ထားခဲ့တာ။ သူခါးထောက်ကာ ရင်းကိုကြည့်လိုက်သည်။

"ရင်း....."
"ပြော"

"ဒေါမြတ်ပန်းလွင် ဘယ်လိုဖြစ်သွားပြီလဲ... သေပြီလား "
"သူ့သတင်းရပြီ မကြာခင်ဖမ်းမိတော့မှာ"

       အဲ့တာက မကြာခင်မှာ ဒေါ်မြတ်ပန်းလွင် လောကကြီးကို ဘိုင့်ဘိုင်လို့နှုတ်ဆက်ရမယ့် အချိန်နီးကပ်လာပြီလို့ ပြောလိုက်တာနဲ့ အတူတူပဲလို့ သတ်မှတ်လို့ရတယ်မလား။ ဂရင်းကတော့ တကယ်ကိုပြောတဲ့အတိုင်း လုပ်တဲ့သူပါပဲ။

       မီးဖိုခန်းဆီ မသွားခင် ဂရင်းဆီကို အရင်သွားလိုက်သည်။

"ရင်း ချစ်သူတစ်ယောက်လောက် ထားလို့ရမလား"

       ရုတ်တရက်ကြီး တခြားအကြောင်းအရာကို ပြောင်းမေးလိုက်တဲ့ နွေဦးသစ်ကို ဂရင်းလှည့်ကြည့်လာသည်။ သူသည် Lacktop ကိုငုံ့ကြည့်နေရာမှ ခါးပြန်မတ်လိုက်စဥ် နွေဦးသစ်က စွေ့ခနဲဆို ဂရင်း၏ပေါင်တံနှစ်ခုပေါ် တက်ထိုင်လိုက်တော့သည်။

       အေးတိအေးစက် မျက်နှာက နည်းနည်းတော့ အရောင်ပြောင်းလာသည်။ ဘယ်သူမှသူ့ပေါ်မှာ မထိုင်ပါ။ ဘယ်သူမှလည်းသူ့ပေါ်မှာ မထိုင်ရဲချေ။ နွေဦးသစ်ကတော့ ပထမဆုံးသော အသစ်အဆန်းကို ပြုလုပ်လိုက်သူပင် ဖြစ်လေသည်။

New love again (Complete)Where stories live. Discover now