🌿21🌿

1.4K 154 0
                                    

Unicode
New love again

                     🌿21🌿

       သူတို့တွေ လမ်းဘေးတွင် ကားရပ်ပြီး ရင်းလာမည့်အချိန်ကို စောင့်နေကြသည်။ ရင်းဘက်က သတင်းပေးသည်က ဒေါ်ကျူးလစ်တစ်ယောက် မြို့ထဲတွင် လူလွှတ်ကာ အသဲအသန် ရှာဖွေနေတဲ့ အကြောင်းပဲဖြစ်သည်။ ချမ်းသာတဲ့ မိသားစုကဆင်းသက်လာတော့ သူမမှာ လူငှားဖို့အတွက် ငွေအလုံအလောက်ရှိသည်လေ။

       ဒီအတိုင်းဆို ဆုံမှတ်နဲ့ယံ မြို့ထဲကို ပြန်သွားဖို့ဆိုတာက မဖြစ်နိုင်သေးပေ။ ယံရဲ့အမေက လိင်တူချစ်သူကို မုန်းတီးနေတာ သူ့ခင်ပွန်း ဆုံမှတ်ကိုသဘောကျခဲ့ဖူးတဲ့ အချိန်လောက်ကစခဲ့တာလို့ ဆိုရမည်။ သူမက ယံအဖေကို တစ်ဖက်သတ်စိတ်ဝင်စားခဲ့သူလေ။

       ဆုံမှတ်တို့ကုမ္ပဏီက ယံအဖေကို အလုပ်ထုတ်လိုက်သည်က နာမည်ဆိုးတစ်ခု တွင်ကျန်ရစ်လုဆဲဆဲဲ ဖြစ်ခဲ့သည်။ ဒေါ်ကျူးလစ်က ထိုအခွင့်အရေးကို အသုံးချပြီး ယံအဖေဟာ gay မဟုတ်ကြောင်း သူမနဲ့လက်ထပ်ပြီး ​ဖြေရှင်းခဲ့လေသည်။

       ယံက ထိုင်စောင့်ရင်း ထိုအကြောင်းကို ဖြည်းဖြည်းချင်း ပြောပြတော့ နွေဦးသစ်နဲ့ကြွေလွင့်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တိတ်ဆိတ်သွားကြသည်။ ဒေါ်ကျူးလစ် စိတ်ထဲမှာတော့ ဆုံမှတ်ကြောင့် ယံအဖေအလုပ်ထုတ်ခံရသည်ဟု ထင်မှတ်ထားလောက်သည်။

        ဆုံမှတ်ကြောင့်ပဲ ယံအဖေ ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ပြောဆိုမှုတွေ ခံရတယ်ရလို့ ထင်ထားလောက်ပေသည်။

"နွေ......"

       ခပ်သြသြ အာဏာသံတစ်သံကို နွေဦးသစ် အပါအဝင် အားလုံးကြားလိုက်ရ၏။ နွေဦးသစ် အသံလာရာဘက်ကို ချာခနဲ လှည့်ကြည့်လိုက်သော် ဂရင်းသည်ကားပေါ်ကဆင်း၍ သူတို့ထံလျှောက်လာနေသည်။

"အစ်ကိုဆုံမှတ် ယံ.... မင်းတို့စိတ်မပူနဲ့ ကျွန်တော်ရင်းနဲ့စကားပြောကြည့်မယ်"

       ဂရင်းက လမ်းတစ်ဝက်မှာ ခြေစုံရပ်လိုက်သည်။ နွေဦးသစ်က သူ့ထံပြေးလာ၍

"ရင်း.... ကူညီလို့ရမလား"
"နွေ ကိုယ်သူစိမ်းတွေနဲ့ မင်းသိတယ်မလား... "

New love again (Complete)Where stories live. Discover now