🌿9🌿

1.6K 184 0
                                    

Unicode
New love again

                       🌿9🌿

"ရင်း... ခင်ဗျားတို့ဘာကိစ္စ ဆွေးနွေးနေကြတာလဲ"
"ပိုင်မင်းမြတ်အနားကို ချဥ်းကပ်ဖို့အတွက် လူတစ်ယောက်ငှားလိုက်တာလေ"

       ဂရင်းအကြံကို ရိပ်မိလိုက်တဲ့ နွေဦးသစ်သည် ယခုမှသာ ဘာအကြောင်းလဲဆိုတာကို သိသွားတော့သည်။ ဂရင်းက ဆက်ပြော၏။

"အဲ့ဒီကောင်က လူပျိုဘဝကတည်းက ပွေရှုပ်တယ်.... လှတဲ့မိန်းကလေးဆို သူဘယ်လိုမှ စိတ်မထိန်းနိုင်ဘူး အခုတောင် ဒီဘားထဲမှာ သူရှိချင်ရှိနေမှာ ဟိုလိုအခန်းတွေထဲမှာလေ"

       ဂရင်းလက်ညှိုးထိုးပြသော နေရာသည် စောစောကတွေ့တဲ့ ဆုံမှတ်ဆိုသောသူ ပြသော အခန်းများပင် ဖြစ်လေသည်။ ဂရင်းကလည်း ထိုအခန်းတွေထဲမှာ ဘယ်လိုတွေ ဖြစ်ပျက်နေသလဲ သိနေတာလား။

"အဲ့ထဲမှာ ယောကျ်ားအချင်းချင်း မိန်းမအချင်းချင်းလည်း sexလုပ်ကြတယ်... သူတို့အတွက် ခဏတာအပျော်ရှာကြတာပေါ့ "
"ဒီနေရာက အဲ့လိုကိုး.... ဒီလောက်လူစည်နေတာ မဆန်းတော့ပါဘူး ခင်ဗျားအလုပ်ပြီးရင် ကျွန်တော်တို့လည်း အိမ်ပြန်ကြရအောင်လေ.... "

       ပြန်ထွက်လာတော့လည်း ဂရင်းကသူ့လက်ကို တင်းတင်းဆုပ်ထားသည်။ ဆုံမှတ်ဆိုသောသူကိုတော့ ပြန်အထွက်မှာ မတွေ့တော့ချေ။ ပြန်သွားတာ မဟုတ်ရင် ဘားထဲမှာပဲ ရှိချင်ရှိနေမှာပေါ့။

       သူတို့အပြင်ရောက်တော့ ဂရင်းကအနောက်လှည့်၍

"မင်းညစျေးတန်းဘက်ကို သွားချင်လား... အဲ့ဒီက လမ်းဘေးအစားအသောက်တွေက အရသာရှိတယ်လို့ ကြားတယ်"
"ကျွန်တော့်အတွက်က ဘယ်မှာစားရစားရ အဆင်ပြေတယ်... ဒါပေမယ့် ခင်ဗျားကဖြစ်ပါ့မလား"

"ကိုယ်မစားနိုင်ရင်တောင် မင်းကိုလိုက်ကျွေးမယ်လေ"
"ကောင်းပြီလေ...."

      သို့နှင့် သူတို့ကားလေးသည် ညစျေးတန်းဘက်ရှိရာသို့ ချိုးကွေ့လာခဲ့သည်။ မီးရောင်စုံတွေကြား သူသူငါငါ သွားလာနေသူတို့သည် ညစျေးထဲ တိုးဝှေ့နေကြလေ၏။ သူတို့နှစ်ယောက် ကားကိုတစ်နေရာတွင် ရပ်ခဲ့ပြီး စျေးထဲ လျှောက်ဝင်ခဲ့သည်။

New love again (Complete)Where stories live. Discover now