🌿15🌿

1.6K 154 2
                                    

Unicode
New love again

                     🌿15🌿

"ရင်း ဘာဖြစ်လို့လဲ "
"ကျောင်းမှာ"

"အင်း...."
"မရှုပ်နဲ့"

"ခွီး.....ဟားဟား ခင်ဗျားတစ်ယောက်ကတော့ သဝန်တိုတတ်လာပြီပဲ ဒါပေမယ့် ဘယ်လိုလုပ်မလဲ ကျွန်တော်ဒီနေ့ပဲ ကောင်လေးချောချောလေးနဲ့ တွေ့ခဲ့တယ်"

'ဝုန်း.....'

       ဂရင်း နွေဦးသစ်ကို မွေ့ယာပေါ်တွန်းလှဲချလိုက်သည်။ နွေဦးသစ်၏လက်တွေကို ချုပ်ထားသော စက်ရုပ်လက်သည် တဖြည်းဖြည်း တင်းကျပ်လာပြီး အသက်မဲ့နေသော စက်ရုပ်တစ်ရုပ် အသက်ဝင်လာသလို တဝွီဝွီ အသံမြည်လာသည်။

       ဂရင်း၏ မျက်လုံးတွေလည်း စူးရှလာ၏။ အခြေအနေကို ရိပ်မိသွားသော နွေဦးသစ်သည် ထိတ်လန့်ကြောက်ရွံသွားကာ

"ရင်း.... စိတ်ထိန်း.... ရင်း"
"သူမင်းကိုထိခဲ့လား"

"ရင်း ကျွန်တော်ပြောတာ နားထောင်ပါ.... အရင်ဆုံး စိတ်လျှော့လိုက် ဟုတ်ပြီလား အဲ့လိုကြီးမလုပ်ပါနဲ့ ရင်းထပ်အားစိုက်ရင် ကျွန်တော်လက်ပြတ်သွားလိမ့်မယ်"

      ထိုတော့မှ ဂရင်းမျက်လုံးတွေ သူဖျစ်ညှစ်ထားတဲ့ လက်ကောက်ဝတ်ကို သတိရလိုက်ပြီး ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးလိုက်လေသည်။ လက်လွှတ်ပေးကာ ပြန်ထမည်အပြင်တွင် နွေဦးသစ်သည် သူ့လည်တိုင်ကို လက်နှစ်ဖက်နဲ့ချိတ်ဆွဲလို့ အောက်ကိုနှိမ့်ချပစ်၏။

       သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ပူးကပ်သွားသည်။ သည်တစ်ခါမှာတော့ ဂရင်း၏လက်နှစ်ဖက်လုံးသည် မွေ့ယာကိုထောက်မိလျက်သား ကျသွားတာဖြစ်၏။

"ရင်း သဝန်တိုနေတယ်မလား.... ဒီလောက်သဝန်တိုနေတာကို လိမ်ချင်နေသေးတာလား ပြော"
"လွှတ်တော့.... မင်းအဝတ်လဲ "

"ခဏလေး....."

       နွေဦးသစ်က ပြန်မလွှတ်ပေး။

"ကျွန်တော် ကျောင်းတက်ရတာ အဆင်ပြေပါတယ်... မနက်က မက်ဆေ့ပြန်မပို့မိလို့ အခုပြောတာ ရင်းစိတ်ဆိုးနေသေးလား စိတ်ဆိုးပြေသွားအောင် ကျွန်တော့်ကို နမ်းလိုက်လေ"

New love again (Complete)Where stories live. Discover now