"မရဘူး။ ခါးပတ်ပဲပတ်လိုက်တော့"
"အာ...စွမ်ခမ်းကလည်း လုပ်ပါဗျာ။ ဒီတိုင်းဝတ်ချင်လို့ပါဆိုမှ"
"ပုဆိုးကို ဘယ်အချိန်နောက်ဆုံးဝတ်ခဲ့မှန်းတောင် ကိုယ့်ဘာသာကိုယ်မမှတ်မိတော့တာကိုကွာ။ ပုံမှန်အတိုင်း ရိုးရိုးပဲဝတ်ပါ"
"ဒါပဲဝတ်ချင်တာ"
ပီအိုက်သင်ပေးထားသလို ဝတ်တော့ဝတ်တာပဲ။ ဒါပေမယ့်လည်း အဆင်မပြေ။ ရှမ်းဘောင်းဘီရဲ့ခါးပုံစထုံးပုံက အပြားလိုက်ယူရတာမို့ လည်ထွက်နေသည်။
"မင်း...ဒါက ရှမ်းအင်္ကျီပုံစံအစစ်လည်းမဟုတ်ဘူး"
စွမ်ခမ်းပြောတာကို King မကြားချင်ယောင်ဆောင်နေလိုက်သည်။ မှန်ရှေ့မှာအလုပ်များနေတဲ့ King ကိုကြည့်ပြီး စွမ်ခမ်းကခေါင်းတခါခါ။ V shape ပုံစံယူပြီး လည်ပင်းနဲ့လက်အနားသပ်တွေမှာရွှေချည်ထိုးထားတဲ့ အင်္ကျီလည်ပင်းအဟိုက်က ရင်ညွန့်ထိကျနေသည်။ အနက်စွေးစွေး အင်းလေးချည်ထည်စစ်စစ်ကိုရဖို့ နှစ်ဝက်လောက်တည်းက ကြိုမှာထားရတာ ဒီနေ့အတွက်။
"King သွားမယ်ဆို အဆင်သင့်ဖြစ်ပြီ"
အခန်းထဲဝင်လာတဲ့ ကိုဆန်းလွင်သူက King ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြုံးစစမျက်နှာမျိုးနဲ့။
"အခုတည်းက ဝတ်သွားမှာလား King"
ဒီဝတ်စုံကိုမှာတည်းက ဘယ်သူ့အတွက်ရည်ရွယ်လဲသိနေတဲ့ ကိုဆန်းလွင်သူရဲ့ အဓိပ္ပါယ်ပါတဲ့အမေး။ ဒီတိုင်းဝတ်ဖို့ကိုလက်လျှော့လိုက်ရပြီး ခါးပတ်အသေးတစ်ခုပတ်လိုက်ရသည်။ လက်ပြတ်ဖြစ်တာကြောင့် လက်မောင်းသားတွေကိုဖုံးဖို့ အပေါ်ကနေ ကုတ်တစ်ထပ်ဝတ်လိုက်၏။
"King ရဲ့ဖက်ရှင်အတွဲအစပ်ကတော့ တကယ်ကိုပဲ"
ကိုဆန်းလွင်သူက သဘောတကျရယ်၏ စွမ်ခမ်းကတော့ မနိုင်လို့လွှတ်ထားရသည့်ပုံမျိုးကြည့်နေသည်။ လက်သန်းကြွယ်မှာစွပ်ထားတဲ့လက်စွပ်ကိုချွတ်ပြီး ပလက်တီနမ်ကြိုးမှာချိတ်လို့ လည်ပင်းမှာဆွဲချလိုက်သည်။ ဒီလောက်ဆို New Year ညအတွက် အသင့်အနေအထားဖြစ်ပြီမလား။
"ပါတီမှာ ခဏလောက်တော့ မျက်နှာပြသွားကွာ"
စွမ်ခမ်းက ညည်းညည်းညူညူပြောသည်။
YOU ARE READING
KING
Actionကံတရားကနောက်တစ်ကြိမ်လှည့်စားခဲ့ရင်တောင် မင်းကကိုယ့်ဆီကိုပဲရောက်လာဦးမှာ ကံတရားကနောက်တစ်ကြိမ်လှည့်စားခဲ့ရင်တောင် မင်းကကိုယ့်ဆီကိုပဲရောက်လာဦးမှာ