KING(6)

32.3K 3.8K 124
                                    

KING– 6

10 Years Later

“Ladies and Gentlemen Welcome to Yangon International Airport...”

လေယာဉ်မယ်လေးရဲ့ ကြေညာသံကြားတာနှင့် မျက်လုံးတွေကို အလျင်အမြန်ဖွင့်ကာ မှန်ပြတင်းပေါက်မှတစ်ဆင့် ငုံ့ကြည့်မိသည်။ စိမ်းစိမ်းစိုရှုခင်းများကြားမှ ရွှေရောင်လက်လက်စေတီများက မြေပြင်နှင့်နီးကပ်လာလေ ထင်ရှား ပြတ် သားလာလေ။

အခုန်မြန်လာတဲ့ရင်ဘတ်ကြောင့် ခုံလက်တန်းကိုဖျစ်ညှစ်ကိုင်ရင်း တိုးလျလျရေရွတ်မိသည်က 'ပီအိုက်'။ မြန်မာနိုင်ငံကို ပြန်လည်ခြေချရခြင်းရဲ့ အကြောင်းအရင်းထဲက အရေးကြီးဆုံးတစ်ခု။ ရင်ထဲမှာဖြာဝေလာတဲ့ ကြည်နူးမှုတွေ ကြောင့် အရူးတစ်ယောက်လိုအော်ရယ်မိတဲ့သူ့ကို ထူးဆန်းသလိုလှည့်ကြည့်နေကြသူတွေ။

ဆယ်စုနှစ်တစ်ခုကြာဝေးကွာနေခဲ့တဲ့ အမိမြေက အပြောင်းအလဲများစွာဖြင့် ကြိုဆိုနေသည်။ ကျောပိုးအိတ်ကို ပခုံး တစ်ဖက်တွင်တင်လွယ်ရင်း အချိန်တိုက်ထားပြီးဖြစ်တဲ့ လက်ကနာရီကို မြှောက်ကြည့်တော့ နေ့လည် ၁၁နာရီစွန်းစွန်း ဖြစ်နေ ပြီ။ ရာသီဥတုလှည့်စားမှုကြောင့် နောက်ကျခဲ့ရတဲ့လေယာဉ်ချိန်ကို အပြစ်မတင်အားပဲ ဆိုက်ရောက်ထားပြီးဖြစ်တဲ့ လေယာဉ် ချိန်တွေကို ပြေးကြည့်ရသည်။

လူစုစု အထုပ်ကြီးငယ်များကို ဖြတ်ကျော်ပြေးလွှားရင်း မျက်လုံးထောင့်မှာ မြင်လိုက်ရတဲ့ လူအုပ်ကြီးကြောင့် လူကအလိုလို ကိုယ်ရှိန်သပ်ပြီး ခြေလှမ်းတွေ ရပ်တန့်မိ၏။

တူညီအားကစားဝတ်စုံတွေနဲ့ နိုင်ငံအလံတွေ ကိုယ်စီကိုင်ကာ လျှောက်လှမ်းသွားကြသူတို့ကိုကြည့်ပြီး တွေဝေမှုမရှိ ပြေးလိုက်ရင်း သတိတစ်ချက်အလွတ်မှာ လူကခွေခနဲလဲကျသည်။ ဆူဆူညံညံအသံများကြားက အဖြစ်အပျက်တစ်ရပ်ကြောင့် အသံတွေတိတ်ကျသွား၏။ စူးစမ်းလာသည့် အကြည့်တွေထဲက မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံမိတော့ လူက တောင့်တင်းသွားတာ ရေခဲရိုက်လိုက်သလို။ အမြဲတမ်း လွမ်းနေခဲ့ရသည့်အကြည့်။ အမြဲတမ်း တမ်းတနေခဲ့ရသည့် အငွေ့အသက်။ အမြဲတမ်း ရေရွတ်နေမိ သည့် အမည်နာမ တစ်ခု။ ပီအိုက်…။

KINGWhere stories live. Discover now