KING(24)

11.1K 882 44
                                    

KING- 24

“တောက်! အသုံးကိုမကျဘူး”

မျက်နှာကိုငုံ့ထားရင်းက အပြစ်တင်သံကို ခံယူရတော့ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

“ဗီဇကိုက အသုံးမကျနေတော့ ကျွန်တော်လည်း ဘာပြောရမှန်းမသိအောင်ပဲ”

စားပွဲခုံပေါ် မီးခြစ်ပစ်တင်လိုက်ပြီး စိတ်အလိုမကျသလိုပြောပုံက နားထဲသံရည်ပူတွေ လောင်းထည့်လိုက်သလိုပင်။

“ခေါင်းငုံ့မထားဘဲ မတ်မတ်နေစမ်းပါ။ ေ_က်သုံးမကျတဲ့ကောင်ရဲ့ မျက်နှာကို မော်ဖူးချင်လို့”

ဦးငြိမ်းမင်းခေါင်းမော့လိုက်တော့ စူးရဲနေသည့်အကြည့်များက သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ် ကျရောက်နေမှန်းသိရသည်။ ဇရာကြောင့် ဖြူဖွေးဖွေးဆံပင်တို့က စိန်ဘီးဆံပတ်အကူအညီနဲ့ ဖြိုးဖြက်လက်နေသည်။ ဘေးတစ်ဖက်တစ်ချက်ဆီမှာ ထိုင်နေသည့် လူသုံးယောက်သည်လည်း အနည်းငယ်ရင့်ရော်သွားသည်မှအပ အပြောအဆိုကြမ်းတမ်းမှုကတော့ အရင်အတိုင်းဖြစ်သည်။ ထို့အတူ ဦးငြိမ်းမင်းသည်လည်း လွန်ခဲ့သောကာလများကလို ထိုသူတို့အား မတ်တပ်ရပ်ကာ တာဝန်ထမ်းဆောင်နေရဆဲ။

“လူတွေဒီလောက်ချပေးထားတာ လွတ်သွားတယ်ဆိုတာ ဖြစ်သင့်လားပြောစမ်းပါ”

ဦးငြိမ်းမင်း ကြောက်ရွံ့နေသည်မဟုတ်သော်လည်း တံတွေးမြိုချမိသွားသည်။

“မိခါနီးမှာ ဘေ့စ်ဘောတုတ်တွေကိုင်ပြီး အလုံးအရင်းဝင်လာကြတော့ ကျွန်တော်တို့ဘက်က ဘယ်လိုမှ ထိန်းသိမ်းလို့မရတော့တာပါ”

ခွပ်!

ဝဲပျံလာတဲ့ စီးကရက်ပြာခွက်က နဖူးပေါ်မိတ်ဆက်လို့ ပြာမှုန့်တွေက ဦးငြိမ်းမင်းမျက်နှာပေါ် နေရာယူသွားသည်။ တိုက်စားသွားတဲ့နေ့ရက်တွေထဲမှာ ဦးငြိမ်းမင်းအတွက် တရားမျှတမှုတော့မပါခဲ့။ အံကိုတင်းတင်းကြိတ်ပြီး တစ်စုံတစ်ရာပြောဖို့လုပ်လိုက်ပေမယ့် မျက်နှာချင်းဆိုင်က မတ်တပ်ရပ်လိုက်သူကြောင့် လျှာဖျားမှာတင်ပျောက်ရှသွားပြန်သည်။

“မင်းကိုပေးထားတာ သေနတ်။ သေနတ်မှ ကျည်အပြည့်ပါတဲ့သေနတ်တွေ။ သေနတ်က တုတ်ကိုမနိုင်ခဲ့ဘူးဆိုတာ ဆင်ခြင်ပေးစရာကောင်းတယ်လို့ မင်းထင်နေလား ဟမ် ေ_ာက်သုံးမကျတဲ့အကောင်”

KINGWhere stories live. Discover now