KING(10)

12.4K 1.1K 7
                                    

KING- 10

“လတ်တလော ရေပန်းစားနေတဲ့ထဲက ရွေးမယ်ဆိုရင်တော့ မင်းသားထဲမှာဆို ပြေတီဦး ရှိမယ်။ မင်းသမီးကတော့ ဝတ်မှုံရွှေရည်၊ ဖွေးဖွေးပဲ။ တခြား professional လိုင်းထဲကသွားကြည့်မယ်ဆို Beauty blogger တွေထဲကလည်း ရွေးလို့ ရမယ်"

“မဟုတ်သေးဘူး။ အန်တီအမြင်နဲ့ဆိုရင်တော့ အန်တီတို့လုပ်နေတာ ဟိုတယ်လုပ်ငန်းလေ။ အဲ့တော့ လောလောဆယ်မှာ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနရဲ့ Ambassador ကိုပဲ ရွေးရင်ရော။ မိန်းကလေးတွေလည်းကြိုက်တော့ အန်တီတို့ ဟိုတယ်အတွက် အသင့်တော်ဆုံးပဲ”

“All Pass!”

တစ်ယောက်တစ်ပေါက်ငြင်းခုန်သံတွေက King ရဲ့ စကားသံနောက်မှာ တိတ်ကျသွားသည်။ တစ်နာရီနီးပါးကြာမြင့် နေတဲ့အစည်းအဝေးပွဲက Mesopotamia ဟိုတယ်အတွက် မော်ဒယ်ရွေးချယ်နေကြခြင်းဖြစ်သည်။ နယ်ပယ်စုံမှ အောင်မြင်သမျှ ရွေးထုတ်တင်ပြနေကြပေမယ့် အကြိမ်ကြိမ်ပယ်ချနေတဲ့ Advisor ကြောင့် ရှယ်ယာရှင်တွေလည်း မျက်နှာပျက်ချင်နေကြပြီ။ ရှယ်ယာအများဆုံးပိုင်ဆိုင်သည့် ဆန်းလွင်သူဆိုသည်မှာလည်း Advisor ဆီက စကားကိုသာအလေးထားနေတာမို့ ဟိုတယ်ရဲ့ ပထမဆုံး အစည်းအဝေးမှာတင် သဘောထားကွဲလွဲမှုတွေဖြစ်ချင်နေ၏။

King နေရာကထရပ်လိုက်တော့လည်း အားလုံးရဲ့အကြည့်တို့က King ဆီဦးတည်ပြန်သည်။ ပရိုဂျက်တာနဲ့ ဆက်သွယ်ထားတဲ့ laptop ကို ပိတ်ချလိုက်ပြီး အစည်းအဝေးခုံရဲ့ ထိပ်ဆုံးမှာပင် King မတ်တပ်နေရာယူဖြစ်၏။

“အန်ကယ်လ်တို့ အန်တီတို့ ပြောသမျှ မင်းသား၊ မင်းသမီး၊ beauty blogger၊ Ambassador အကုန်လုံးကို ကျွန်တော်တကယ်သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟိုတယ်က အမျိုးသား၊ အမျိုးသမီး တစ်ဦးတည်းကိုပဲ မဦးတည်ဘူး။ ကလေး၊ လူကြီး၊ ကျားမအရွယ်မရွေးကို ဦးတည်မှာ။ ပြီးတော့ နယ်ပယ်အသီးသီးမှာအောင်မြင်ကြတာ ကောင်းတယ်။ background ကဘာဖြစ်လို့ အောင်မြင်နေတာဆိုတဲ့ လူထက် ကျွန်တော်တို့ဟိုတယ်ကို အောင်မြင်အောင် လုပ်ပေးမယ့်သူကိုပဲ လိုချင်တယ်။ အဲ့လိုဖြစ်ဖို့အတွက်လည်း သူတို့ရဲ့ကျော်ကြားမှုကို ထုတ်နုတ်မသုံးစွဲချင်ဘူး။ မော်ဒယ်နဲ့ ဟိုတယ်နောက်ခံက တွဲဖက်ညီရမယ်။ သီးခြားစီဖြစ်မနေရဘူး။

KINGWhere stories live. Discover now