KING(28)

23.3K 1.2K 108
                                    


KING- 28

အဖြစ်အပျက်ကမြန်ဆန်သည်။ ကားဘေးနားရပ်ပြီးစောင့်ရှောက်ပေးနေသည့်အဖွဲ့က လူငါးယောက်လုံး အတုံးအရုန်းလဲကျသွားပြီးနောက် King ဘက်အခြမ်းကကားတံခါးပါ သေနတ်နဲ့ဖျက်စီးခံလိုက်ရသည်။ King သေနတ်ကိုဆွဲယူပြီး ခုခံဖို့ကြိုးစားလိုက်ချိန်မှာပဲ macbook က တဆင့်မြင်နေရသည့် စွမ်ခမ်းနားထင်မှာ သေနတ်က နေရာယူထားပြီးဖြစ်၏။

“ဘယ်လိုလဲ King”

“မင်း စောက်ရူးပဲအဏ္ဏဝါဇေယျ”

“စက် ဘာဖြစ်တာလဲ!”

တစ်ဖက်ကပီအိုက်အသံ စိုးရိမ်တကြီးနဲ့ထွက်ပေါ်လာသည်။ King တစ်ကိုယ်လုံးကားထဲကဆွဲထုတ်ခံလိုက်ရပြီး နားကြပ်ကလည်း သဲပြင်ပေါ်လွင့်စင်ကျသွားသည်။ ဒေါသကြောင့် လက်သီးတင်းတင်းဆုပ်လိုက်ပေမယ့် macbook ကိုင် ပေးလာတဲ့လူကို ကြည့်ပြီးမှ King မဲ့ပြုံးပြုံးပစ်လိုက်သည်။ ဒီအခြေအနေမှာ King နဲ့စွမ်ခမ်းကိုသတ်ချင်ရင် အသာလေး ရှင်းပစ်လို့ရ၏။ စွမ်ခမ်းကိုဓားစာခံလုပ်ပီး King ကိုဖမ်းတယ်ဆိုတည်းက တစ်ဖက်လူအမှန်တကယ် အလိုရှိနေတာ King ပေါ့။

“ကြည့်ရတာ ငါ အတိတ်ကပြဿနာတွေကိုပဲရှင်းလို့မရဘူးနဲ့တူတယ် ဟက်!”

“ဟိတ်! ရှူး...”

အဏ္ဏဝါက လက်ညှိုးကိုနှုတ်ခမ်းပေါ်ကန့်လန့်ဖြတ်တင်ပြီး စွမ်ခမ်းနားထင်ကိုသေနတ်နဲ့ထပ်ဖိလိုက်သည်။ လက် ဖဝါးတစ်ဖက်မြှောက်လာပြီး လက်မကိုကွေးချ၏။ ပြီးတော့ လက်ညှိုး၊ နောက်တော့လက်ခလယ်။ 

ဝုန်း!

ပေါက်ကွဲသံက နားစည်ကိုအရှိန်ပြင်းပြင်းနဲ့ထိခတ်သည်။ King ကိုချုပ်ထားသူတွေပါ ခန္ဓာကိုယ်ကိုကိုင်းပစ်လိုက်ကြရသည်။ နီရဲနေသည့်မီးတောက်က မလှမ်းမကမ်းမှာမြင်နေရသည့် Resort ကိုဝါးမြိုသွားပြီ။ တုန်ခါလာတဲ့ King မျက်ဝထဲ ပြိုပျက်ကျလာသည့်အဆောက်အအုံက ညအမှောင်မှာ ထင်ရှားနေသည်။

“ပီအိုက်!”King အော်ပစ်လိုက်သံက ညနက်နက်ကိုမတိုးဝင်ဘဲ လည်ချောင်းမှာတင်ပျောက်ရှသွား၏။ King နှာခေါင်းနဲ့ နှုတ်ခမ်းကို အဝတ်စတစ်ခုမဲ့ ခပ်ကြမ်းကြမ်းဖိအုပ်ခံလိုက်ရပြီး အမြင်အာရုံတွေလည်းပြတ်ကျသွားရသည်။

KING        Where stories live. Discover now