KING(1)

87.7K 4.8K 50
                                    

KING- 1

ထမင်းစားဆောင်ထဲက စားပွဲတစ်လုံးမှာ လူစုံတက်စုံဝိုင်းအုံဖွဲ့နေကြပြီဆို တစ်ယောက်ယောက် ဝင်လာတာကို တောင် သတိမူမိဟန်မတူကြ။ နေ့လယ်စာအဖြစ် ရိုးရာမပျက် ကြက်သားဟင်းနှင့် ပဲဟင်းပန်းကန်ကို လှမ်းကြည့်ပြီး ထိုင်နေကျနေရာမှာပဲ ဝင်ထိုင်ဖြစ်၏။ မနက် ၇နာရီတည်းက training ဆင်းနေရတာကြောင့် ဆာလောင်နေတဲ့ဗိုက်ကိုဖြည့်ဖို့ ဟင်း အမယ်တွေကိုတောင် အရသာခံမနေနိုင်တော့ဘဲ တစ်လုတ်ပြီးတစ်လုတ် သွင်းပစ်လိုက်သည်။

"ဟာ...ဟန်စစ် စားနေပြီလား။ ငါတို့ကိုတောင် မစောင့်ဘူး"

"အင်း..."

အကျင့်အတိုင်း ခပ်တိုတိုပဲအဖြေပေးပြီး ခေါင်းညိတ်ပြလိုက်သည်။ အေးစက်စက်အပြုအမူကို ရင်းနှီးပြီးသား ဖြစ်ကြသူတွေပီပီ အထူးတလည် စိတ်တိုပြမနေကြတော့ဘဲ ခုံအသီးသီးမှာဝင်ထိုင်ပြီး ခူးခပ်စားကြသည်။

"ငါးလောင်းပြိုင်တဲ့ ဘယ်လိုစိတ်နဲ့များ လုပ်ရက်နိုင်ကြတာလဲ စဉ်းစားလို့ကိုမရဘူး"
"အတွင်းပစ္စည်းတွေလိုချင်လို့ပဲဖြစ်မှာပေါ့။ ပျောက်သွားတဲ့ပစ္စည်းမပြောနဲ့ ကျန်ခဲ့တဲ့ပစ္စည်းတွေကတောင် တွက်ချက်လို့မကုန်သေးတဲ့ အနေအထားပါဆိုမှ"

"အဲ့လောက်ချမ်းသာတဲ့ လူတွေလည်း ငါတို့နိုင်ငံမှာရှိသေးတာပဲနော်"

တစ်ယောက်တစ်ခွန်း ထင်မြင်ယူဆနေကြတဲ့စကားသံတွေကို ထမင်းစားရင်း နားစွင့်မိသည်။ ငါးလောင်းပြိုင် လူသတ်မှု! ဟန်စစ်အာရုံက မသိလိုက်မသိဘာသာနဲ့ စကားဝိုင်းဘက်ရောက်နေမိသည်။

"ဟန်စစ်သျှား မင်းအဖေဆီက ဖုန်းလာတယ်"

လှမ်းအော်ခေါ်တဲ့ နည်းပြဆရာအသံကြောင့် စားလတ်စထမင်းကို လက်စသပ်ပြီး နေရာမှ အပြေးထရသည်။

"သားရောက်ပြီ ဖေဖေ"

"အိမ်ပြန်ခဲ့တော့ ဟန်စစ်"

ဖုန်းကိုင်ကိုင်ခြင်း ကြားလိုက်ရတဲ့စကားက ရင်ဝကို အကန်ခံလိုက်ရသလိုပင်။

"သား ဒီမှာ အဆင်ပြေတယ် ဖေဖေ"

"သား အဆင်ပြေပေမယ့် ဖေဖေ မပြေဘူး။ မနက်ဖြန်ဆို ကျောင်းဖွင့်တော့မယ်ဆိုတာရော သိသေးရဲ့လား ဟန်စစ်သျှား။ ဆယ်တန်းနော်။ အားကစားမှာ ထူးချွန်နေရုံနဲ့ လူ့ဘဝက ပြည့်စုံသွားမှာ မဟုတ်ဘူး။ ဖေဖေ စကားတွေ အများ ကြီးမပြောချင်ဘူး။ ဖေဖေ့ရင်ထဲမှာ ဘာရှိလဲ သားသိသလို သားရင်ထဲမှာ ရှိတာကိုလည်း ဖေဖေသိတယ်။ ဆယ်တန်း ကိုတော့ အိမ်ကနေပဲကျောင်းတက်။ ညနေကျ ကားလွှတ်လိုက်မယ်"

KINGWhere stories live. Discover now