KING(14)

10.4K 996 14
                                    


KING- 14

“ကိုဆန်းလွင်သူရော”

“Swimming Pool ဘက်မှာပါ Advisor”

ကိုဆန်းလွင်သူ ဖုန်းဆက်တာနဲ့ King ထွက်လာခဲ့ပေမယ့် အချိန်က လေးနာရီလောက် ဟသွားခဲ့သည်။ Swimming Pool ဘက်ကို ထွက်လာလိုက်တော့ မတ်တပ်ရပ်နေတဲ့ ကိုဆန်းလွင်သူကျောပြင်နဲ့ ဝန်ထမ်းနှစ်ယောက်ကို လှမ်းမြင်ရသည်။

“ကိုဆန်းလွင်သူ”

“King”

ကိုဆန်းလွင်သူမျက်နှာက မှုန်ကုပ်နေသည်။ နေ့လယ် ၂နာရီစွန်းစွန်းနေရောင်က အရှိန်မသေး။ ရေကူးကန်ထဲမှာ ရေကူးနေကြတဲ့လူတွေဘက်ကို လက်ညှိုးထိုးပြသည်။

“သူတို့ရောက်နေတယ် King”

“သူတို့ဆိုတာ...”

“Hello...”

King စကားမဆုံးသေးခင်မှာပဲ တစ်ယောက်က ရေကူးကန်ဘောင်ကို လက်ထောက်ပြီး ဘွားခနဲပေါ်လာခဲ့သည်။ မျက်နှာကရေတွေကို သပ်ချပြီး ဆံပင်တွေကို လှန်တင်လိုက်တော့မှ King မျက်မှောင်တွေကျုံ့သွားရ၏။ အဲ့ဒါ ပိုင်သူထူး။ ကန်ထဲမှာ ရေကူးနေဆဲဖြစ်သည့် လူသုံးယောက်ကိုပါ King ဝေ့ကြည့်ဖြစ်သည်။ ပိုင်သူထူးက တစ်ယောက်တည်း လာတာတော့မဟုတ်။

“Advisor ကြီး ကတိမတည်ဘူးနော်။ မုတ်သုံလေနဲ့အတူပျောက်သွားတာ နောက်တစ်မိုးလည်းစွေတော့မယ်။ BMW တောင် Model အသစ်ပေါ်နေပြီ”

King မျက်ခုံးတွေ ပင့်တက်သွားပေမယ့် အမူအရာကိုပြန်ထိန်းလိုက်ရသည်။ မျက်နှာပျက်ယွင်းချင်နေတဲ့ ကိုဆန်းလွင်သူကိုတစ်ချက်ကြည့်လိုက်ပြီး King ခန္ဓာကိုယ်နဲ့ကွယ်ဖြစ်၏။

“အကြွေးလာတောင်းတာပေါ့”

ခါးကိုင်းငုံ့ကြည့်လိုက်တဲ့ King ကိုငေးရင်း ပိုင်သူထူးက ရေကန်ဘောင်ပေါ် လုံးဝမတ်တပ်ရပ်လိုက်ပြီးဖြစ်သည်။ ကန်ထဲက ကျန်နေတဲ့သူတွေလည်း King တို့အနားကူးလာကာ ကန်ဘောင်ပေါ်တက်လာကြသည်။ ပိုင်သူထူးရှေ့ တစ်လှမ်းချင်းလျှောက်သွားပြီး King ငုံ့မိုးကြည့်လိုက်၏။ King တစ်ကိုယ်လုံးကို ဖြန့်ကျက်ပြီး ပြုံးစစကြည့်နေတဲ့ ပိုင်သူထူးက သတင်းအတိအကျရထားပုံမျိုးတော့မဟုတ်။ Titanium မှာ နမ်းမိသွားတဲ့တစ်ယောက်အနေနဲ့ ခြေရာခံမိပြီး လိုက်လာရုံပဲဖြစ်ကြောင်း မျက်လုံးတွေကိုကြည့်တာနဲ့ King သိလိုက်သည်။ King ဇာတ်ညွှန်းရေးစရာမလိုဘဲ သူ့ခြေထောက်နဲ့သူ ရောက်လာ တယ်ဆိုမှတော့ လူကြမ်းနေရာထည့်လိုက်ရုံပဲရှိတော့သည်။

KINGWhere stories live. Discover now