တချို့လည်းသိပြီးဖြစ်လောက်ပေမယ့် မသိသေးတဲ့စာဖတ်သူတွေအတွက် KING က စာအုပ်အဖြစ် ထွက်လာတော့မယ့်အကြောင်းလေး မျှဝေပါရစေရှင်။ မြတ်ဆုရဲ့စာရေးသက်တမ်း ၆နှစ်ကျော်မှာ အချိုးအကွေ့တွေကို အများဆုံးရင်ဆိုင်ရတဲ့ KING ပါပဲနော်။ ဇာတ်လမ်းကိုရေးနေစဥ်မှာလည်း အချိန်အတော်ကြာ ရပ်နားပြီးမှလက်စသပ်နိုင်ခဲ့ပြီး စာအုပ်အဖြစ်ကြိုးစားချိန်မှာလည်း အချိန်တွေအများကြီးယူခဲ့ရပါတယ်။ အခုတော့ "ထုတ်ကြမလား"လို့ မေးလာတဲ့အစ်မရဲ့စိတ်နဲ့တိုက်ဆိုင်ပြီးတော့ "ထုတ်ကြမယ်ဗျာ" လို့ဖြစ်ရင်း ကြိုတင်စီစဥ်ထားတာမဟုတ်ဘဲ ရုတ်တရတ်ဆန်ဆန်နဲ့ပဲကြိုးစားဖြစ်ခဲ့ကြပါတယ်ရှင်။
ဒီတစ်ခါတော့ မြတ်ဆုအနေနဲ့သာမကဘဲ ကိုဟန်စစ်နဲ့စိုင်းစက်ရဲ့ ဖန်ဂဲလ်အနေနဲ့ပါ သူတို့နှစ်ယောက်ရဲ့ပုံရိပ်တစ်ခုစီကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ထည့်သွင်းဖြစ်ခဲ့ပါတယ်။ စာဖတ်သူအကြိုက်နဲ့ထပ်တူကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ရှင်။
ဇာတ်လမ်းမှာပါဝင်တဲ့ပြင်သစ်အသုံးအနှုန်းများနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြပေးလာတဲ့စာဖတ်သူတစ်ဦးရဲ့စေတနာနဲ့ WP မှာဖော်ပြထားတဲ့အထဲကအသုံးအနှုန်းအချို့ကိုလည်း ဖြုတ်ချပြင်ဆင်ထားပါတယ်။ထုတ်ဝေမယ့် စာအုပ်တိုက်ကတော့ "ညှို့" ဖြစ်ပါတယ်ရှင်။ မကြာခင် စာအုပ်တိုက်က ဖော်ပြပေးလာမယ့် စာအုပ်မျက်နှာဖုံးအပြင် အဖက်ဖက်ကနေပြီး စာဖတ်သူအကြိုက်နဲ့မြတ်ဆုအကြိုက် ထပ်တူကျနေမယ်လို့လည်း မျှော်လင့်ပါတယ်နော်။ KING အတွက် အချိန်အကြာကြီးစိတ်ရှည်လက်ရှည်စောင့်စားပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရပါတယ်ရှင်။
May 2.2024.(Thursday)

YOU ARE READING
KING
Actionကံတရားကနောက်တစ်ကြိမ်လှည့်စားခဲ့ရင်တောင် မင်းကကိုယ့်ဆီကိုပဲရောက်လာဦးမှာ ကံတရားကနောက်တစ်ကြိမ်လှည့်စားခဲ့ရင်တောင် မင်းကကိုယ့်ဆီကိုပဲရောက်လာဦးမှာ Cover Artist_ Bryan