၄၀။(အလွဆံုးည)

740 60 2
                                    

(Zawgyi)

ဒီညဟာအလှဆုံးညဘဲ

​နောက်​တစ်​နေ့ကြုံလာမယ့်​

အခက်​အခဲအတွက်​လဲ အား​ဆေးလို့​ပြောလို့ရတယ်​။

~~~~~~~~

အဆင်​မ​ပြေမှု​တွေကြားကဘဲ ကံ​ကောင်းစွာ ကျ​နော်​တို့ campစထွက်​ဖို့​တောနား​ရောက်​လာခဲ့တယ်​။ပစ္စည်း​တော်​ကိုယ်​စံသယ်​ပြီး သတ်မှတ်​ထားတဲ့​နေရာမှာ temporary တဲ​လေး​တွေ​ဆောက်​လိုက်​ကြတယ်​။သူငယ်​ချင်း​တွေက​တော့ နားလည်​စွာနဲ့ ကျ​နော်​တို့၂​ယောက်​အားသီးသန့်​ပေး​နေသည်​။ကိုယ့်​အတန်းနဲ့ကိုယ်​တဲ​တွေအစီအစဉ်​လိုက်​ပျော်​ဖို့​တော့​ကောင်းသား။

"Taehyung​ရေ....မင်း jkကြီး ကားဆီသွားတာပြန်​မလာ​သေးဘူး သွားကြည့်​လိုက်​ပါဦး"(jh)

ကျ​နော်​လဲပစ္စည်း​တွေချရင်း အလုပ်​ရှုပ်​နေတာ jkထွက်​သွားမှန်း​တောင်​မသိလိုက်​ဖူး။jhope​ပြောမှ ကျ​နော်​လဲသူ့​နောက်​ကလိုက်​သွားလိုက်​တယ်​။ကားဆီနီးလာတာနဲ့အမျှ ကျ​နော်​jk​ရော min​ရောရဲ့အသံကိုကြား​နေရတယ်​။ထပ်​ပြီးစကားများ​နေတာထင်​တယ်​။

"​jeon jungkook....မင်းကွာ....​နောက်​ငါ့လက်​ထဲပါလာမှာဘဲ...."

"မင်းထပ်​ပြောရဲ့​ပြောကြည့်​စမ်း....​ခွေးတိရစ္ဆာန်​ကောင်​မင်းရတိုင်းယူလို့ရတဲ့အထဲမှာ taehyung​တော့မပါဘူး"

"သူကမင်းကို ပြန်​ကလဲ့စား​ချေဖို့လုပ်​နေတာမင်းမသိဘူးလား...."

ဟမ်​.....minဘာ​တွေ​ပြော​နေတာလဲ.....။

ကားဆီသွား​နေတဲ့​ခြေလှမ်း​တွေတုန့်​နှေးသွားသည်​။Minက ကျ​နော်​တို့၂​ယောက်​ကြားကို ရန်​လှည့်​တိုက်​ပေး​နေတယ်​။အခုမှ တစ်​ယောက်​အ​ပေါ်တစ်​ယောက်​ယုံကြည်​မှူရှိခါစဒါမျိုး​တွေ​ဘာ​ကြောင့်​ပြောရက်​ရတာလဲ။

"ဘာ....taehyungက​သေ​တောင်​အဲ့လိုမလုပ်​ဖူး"

ကျ​နော်​လဲကားထဲကိုဝင်​သွား​တော့ ၂​ယောက်​လုံးကျ​နော့်​ကိုလှည့်​ကြည့်​လာသည်​။ကျ​နော်​၀င်​သွားလို့​ကောင်းတဲ့အချိန်​တော့မဟုတ်​ပေမယ့်​minရဲ့မဟုတ်​မမှန်​စကား​တွေကို​တော့ jkကိုမကြား​စေချင်​ဘူး။

 Ebullience (Z+U)Completed✔ Where stories live. Discover now