၅။(ကျ​နော့်​ဘက်​ကိုသူမြင်​နိုင်​ပါ့မလား)

893 78 0
                                    

(Zawgyi)

တစ်​ကယ်​ဆို ကျ​နော်​က

သူ့အတွက်​အမြဲရှိ​နေ​ပေးရမှာကို.......

(အပြစ်​တင်​ဆိုမိခြင်း)

~~~~~~~~

န့ကငိုတာများသွားလားမသိဘူး မျက်​လုံး​တွေပြာပြီး​နေလို့သိပ်​မ​ကောင်းဖြစ်​နေတယ်​။ဒါ​ပေမယ့်​ကျောင်းမလာလို့မှမရဘဲ။ကျ​နော်​လွတ်​သွားတဲ့စာကို ပြန်ကူးဖို့ စာအုပ်​ငှါးစရာသူငယ်​ချင်းလဲမရှိဘူး။ပြီး​တော့ ကျ​နော်​သူ့ကို​တွေ့ချင်​လို့.......။

လမ်းနဲနဲ​လျှောက်​တာ​တောင်​ခွေကျအလို​မော​နေသည်​။ခုံမှထိုင်​လိုက်​မှနဲနဲသက်​သာသွားတယ်​။

"မ​နေ့ကပထမအချိန်​ကစာကို မိတ္တူ သွားဆွဲ​ပေး"

ကျ​နော်​ရှောင်​လွဲလို့မရတဲ့ထိုအမိန့်​သံ......။တကယ်​ဆို သူ့သူငယ်​ချင်း​တွေလဲ အခန်းထဲရှိသည်​။မ​နေ့ကသင်​ထားတဲ့စာအုပ်​ကိုယူကာ မိတ္တူ ခန်းထဲဖြည်းဖြည်းချင်း​လျှောက်​လာခဲ့တယ်​။မိတ္တူဆွဲ​စက်​ရဲ့ခလုတ်​တွေကိုနိုပ်​တုန်း မူး​နောက်​ပြီး အရာအားလုံးအ​မှောင်​ကျသွားခဲ့တယ်​။

​မီးတိုင်​လေးတစ်​တိုင်​သာရှိတဲ့ တံတားအလယ်ေ​ခါင်​ကျ​နော်​ဟာ ရပ်​လျက်​။တံတားရဲ့တစ်​ဖက်​ဆီမှာ အ​မေနဲ့အ​ဖေက​ကျောခိုင်းပြီး ပန်းခင်းကြီးဆီကိုလမ်း​လျှောက်​သွားကြတယ်​။ထိုအချိန်​မှာ ကျ​နော်​အရူးတစ်​ယောက်​လိုငိုယိုရင်းတံတား​ပေါ်ကခုံချလိုက်​မိတယ်​။

"Taehyung......taehyung......ရရဲ့လား......​တော်​ပါ​သေးရဲ့....."

"ဘယ်​-ဘယ်​ကို​ရောက်​နေတာလဲ"

"​ကျောင်း​ဆေးခန်းထဲမှာ​ပေါ့ကွ......မင်းကြည့်​ရတာလဲဖြူဖတ်​ဖြူ​ရောနဲ့ ကို့အထင်​မင်း​ဆေးရုံမှာ​ဆေးသွင်းတာ​ကောင်းမယ်​....."

ကျ​နော်​လန့်​နိုးလာ​တော့​ကျောင်း​ဆေးခန်းထဲမှာလှဲရက်​သား min-jaeက ကျ​နော့်​ကို​စောင့်​ပေး​နေပုံရတယ်​။အချိန်​ကိုကြည့်​တော့​နေ့လည်​စာစားချိန်​တောင်​ရောက်​နေပြီ။ဒါနဲ့ ကျ​နော့်​စာအုပ်​နဲ့ကူးမိတ္တူက......။

 Ebullience (Z+U)Completed✔ Where stories live. Discover now