၄၂။(​ရွေးချယ်​မှု၂

801 63 2
                                    

(Zawgyi)

ကျ​နော်​ရွေးချယ်​မှုအတိုင်း

နစ်​နာသူက​တော့ ရှိ​နေမှာဘဲ

အချစ်​နဲ့ပက်​သက်​ရင်​ကျ​နော်​တို့လူသား​တွေက

တကိုယ်​ကောင်းဆန်​မိတာဘဲကို.....

~~~~~~~

ကျ​နော်​nurseနဲ့အတူ အခန်း​တစ်ခု​ရှေ့လိုက်​လာခဲ့သည်​။

"အထဲက လူနာက​တွေ့ချင်​လို့ပါရှင့်​....၀င်​သွား​ပေးလိုက်​ပါ...."

တာဝန်​အရ​ပြောပြီး nurseလဲထို​နေရာကထွက်​သွားခဲ့တယ်​။ကျ​နော်​အခန်းထဲဝင်​လိုက်​သည်​နှင့်​ပထမဆုံး​တွေ့လိုက်​ရတာက​ခြေ​ထောက်​မှာပတ်​တီးနှင့်​ဆေးသွင်းရင်း ကုတက်​ပေါ်ထိုင်​နေသည့်​min.....။အမှန်​အတိုင်း​ပြောရရင်​ကျ​နော်​မျက်​နှာပူတယ်​ကျ​နော့်​ရဲ့တကိုယ်​ကောင်းဆန်​မှုအတွက်​။

"​ကျေးဇူးပြုပြီးခဏ​လောက်​ထိုင်​ပါ taehyung....."

ငြင်းမ​နေဘဲ ကျ​နော်​minရဲ့ကုတင်​ဘေးကခုံမှာထိုင်​လိုက်​တယ်​။

"ငါ​တောင်းပန်​ပါတယ်​အခုလိုအချိန်​မင်း jeon jungkook​ဘေးမှာရှိ​နေရမှာကို​ခေါ်ထုတ်​လာခိုင်းမိတာ...."

"ကျ​နော်​လဲ​တောင်းပန်​ပါတယ်​....."

"မင်းတကယ်​ဘဲ jeon jungkookမှ jeon jungkookလား...."

"အင်း...."

"သူမင်းအ​ပေါ်တစ်​ကြိမ်​တောင်​မ​ကောင်း​ပေးခဲ့ဘူး​လေ......တကယ်ဆိုအဲ့လိုအချိန်​မှာရှိ​နေခဲ့တာငါမဟုတ်​လား...."

"ဟုတ်​တယ်​min....ဒါ​ပေမယ့်​ကျ​နော့်​အ​ပေါ်က မ​ကောင်း​ကောင်း​ကောင်း​ကောင်း အရင်​ထဲက ကျ​နော်​စိတ်​က jkဆီမှာဘဲရှိ​နေခဲ့တာ.....ကျ​နော်​ကိုယ်​တိုင်​လဲ​ပြောင်းမရဘူး...."

"မင်းကွာ....."

လက်​သီးကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ပြီး minမျက်​ရည်​ကျ​နေတာမြင်​တော့ ကျ​နော်​စိတ်​မ​ကောင်းဖြစ်​မိပြန်​တယ်​။

"​တောင်းပန်​ပါတယ်​min.....တကိုယ်​ကောင်းဆန်​မိတာရယ်​လက်​မခံ​ပေးနိုင်​တာရယ်​ကို...."

 Ebullience (Z+U)Completed✔ Where stories live. Discover now