၂၁။(ကျ​နော်​နဲ့ပက်​သက်​သမျှသူမုန်းသည်​)

715 72 6
                                    

(Zawgyi)

အကယ်​လို့များ အခွင့်​အ​ရေးရှိခဲ့ရင်​

ကျ​နော်​သူ့အနားက

ထွက်​ပြေးသွားချင်​မိတယ်​။

~~~~~~~​~

​နောက်​တစ်​နေ့မနက်​ကော်​ဖီဆိုင်​ထဲထိုင်​နေတဲ့ ကျ​နော်​က အရင်လို​လုံးဝ တုန်​လှုပ်​ခြင်းရှိမ​နေ။ညထဲက စိတ်​ကို ဖြတ်​ထားပြီးသား ဘာဘဲဖြစ်​ဖြစ်​ဟိုကိစ္စကိုမြှုပ်​ပြီး​ဝေးရာမှာ​နေလိုက်​ရင်​အချိန်​အတိုင်းအတာတစ်​ခုအတွင်း​တော့​ပြောင်းသွားမှာ​သေချာတယ်​။

အ​ရှေ့က အ​အေးကို​သောက်​ပြီး Jessica​ရောက်​လာမဲ့အချိန်​ကို​စောင့်​နေတယ်​။ခုန​လောက်​နေ​တော့ ဆိုင်​ထဲက သူမ ၀င်​လာခဲ့တယ်​။သူကြည့်​ရတာ​တော့​ပေါ့​ပေါ့ပါးပါး ဘဲ သူ့ကိုကြည့်​ရင်း အကုသိုလ်​ပွားမိ​နေတာ​တော့ကျ​နော်​ဘဲထင်​ပါရဲ့။အတက်​နိုင်​ဆုံးပြုံးထားတယ်​သူမ စားပွဲမှာလာထိုင်​တဲ့အထိ။

"ဒါက taehyung​လေ....ကို့သူငယ်​ချင်း...."

ကိုတဲ့....။ကျ​နော့်​အတွက်​တော့ အခုအ​ခြေအ​နေက ကျ​နော့်​ဘ၀ရဲ့ဟာသတစ်​ပုဒ်​ဘဲ။

"​တွေ့ရတာဝမ်းသာပါတယ်​...."

"တို့နာမည်​က Jessica ပါ​တွေ့ရတာဝမ်းသာပါတယ်​"

စားပွဲဝိုင်းက ခနတိတ်​သွားပြီး jkကစကားစ​ဖော်​ပြန်​တယ်​။

"ကိုက မင်းနဲ့​ကျောင်းစာပိုင်းအကူအညီရမယ်​ထင်​လို့ မိတ်​ဆက်​ပေးတာ ကိ်ုယ့်​သူငယ်​ချင်းက စာ​တော်​တယ်​ဟုတ်​တယ်​မှတ်​လား taehyung...."

ရယ်​ရတယ်​။အ​ခြေအ​နေကခနအတွင်းမှာ​ဟောဒီ kim taehyung မျက်​ရည်​တွေကို အလကားဖြစ်​အောင်​လုပ်​သွားတာဘဲ။ဘာလိုလိုနဲ့ friendzoneထဲ​ရောက်​သွားပြီ။​ပြောသာ​ပြော​နေရတာ အရင်​လိုအားနည်းပြီး မျက်​ရည်​က ၀ဲ​နေပြီ။

"အဲ့​လောက်​လဲမ​တော်​ပါဘူး...."

"Jungkookတို့ခင်​တာကြာပြီထင်​တယ်​....."

"သိပ်​မကြာ-"

"ကြာပြီ​လေ အခု​တောင်​ကျ​နော်​သူ့ဆီအကူ​တောင်းပြီး တူတူ​နေ​နေတာ....."

 Ebullience (Z+U)Completed✔ Where stories live. Discover now