၇။(ပြန်​မရ​တော့မည့်​အရာတစ်​ချို့)

822 67 0
                                    

(Zawgyi)

ကျ​နော့်​မှာ ပြန်​မရနိုင်​တော့မဲ့

မိသားစု​လေးတစ်​ခုရှိခဲ့သတဲ့။

၀မ်းနည်းစရာပုံပြင်​တစ်​ပုဒ်​ထက်​

မပို​တော့တဲ့ အရာ​ပေါ့ဗျာ.......။

~~~~~~~~~~

ကျ​နော့်​တို့၃​ယောက်​ရဲ့အလယ်​မှာ သစ်​သားစားပွဲအ၀ိုင်း​လေးချထားပြီး အလယ်​မှာ ဟင်းအချို့ချထား​သည်​။အ​ရှေ့မှာ​တော့ ထမင်းနဲ့ငါးမုန်​လာဟင်း​၂ခွက်​ဆီချထား​သေးသည်​။

"ကဲသား....​ရော့စား....ပိန်​နေပြီ"

"​ကျေးဇူးတင်​ပါတယ်​ဒေါ်​လေး...."

ကျ​နော်​တို့၃​ယောက်​ဟိုအ​ကြောင်း​ပြောဒီအ​ကြောင်းရင်း ထမင်းလက်​စုံစားခဲ့ကြတယ်​။ထိုအချိန်​တွေဆိူကျ​နော့်​အတွက်​အချိန်​တွေက ကုန်​လို့ကုန်​မှန်း​တောင်​မသိဘူး။

"သား​ရော ရည်းစား​တွေပါ​တွေရ​နေပြီလား...."

"ဟာ ....​ဒေါ်​လေးကလဲ....မရပါဘူးဗျာ...."

ဒါ​ပေမယ့်​သိပ်​ချစ်​ရသူ​တော့ရှိတယ်​ဒေါ်​လေးရဲ့။သူကသိပ်​ချောပြီးခန့်​တာ.....။ကျ​နော့်​အတွက်​ကြယ်​တစ်​စင်းလိုဘဲ။အ​ဝေးကဘဲကြည့်​လို့ရတာမျိုး​ပေါ့။

"ကဲ taehyung....9 နာရီ​တောင်​ထိုး​နေပြီ ပြန်​ကြရ​အောင်​"

"ဟုတ်​...."

"သား​လေး အဆင်​ပြေ​ပြေ​နေ​နော်​မကြာခနလာလည်​အဆင်​မ​ပြေတာရှိရင်​ဒေါ်​လေးကို​ပြော...."

"ဟုတ်​ကဲ့ပါဗျာ......​ဒေါ်​လေးလဲ အိမ်​ကိုလာလည်​ပါဦး အိမ်​မှာကျ​နော်​တစ်​ယောက်​ထဲ​နေ​တော့တာဆို​တော့....."

​ပြောရင်းနဲ့ကျ​နော့်​အသံဟာတိမ်​၀င်​သွားတယ်​။​ဒေါ်​လေးလဲ သနားကြည့်​နဲ့ကြည့်​နေရှာတယ်​။ဒါ​ပေမယ့်​မပြန်​ခင်​ပေး​နေကြ​နွေး​ထွေးတဲ့​ထွေး​ပွေ့မှုက ကျ​နော့်​အတွက်​လက်​ဆောင်​ကောင်းတစ်​ခုပါ။

ဒီလိုနဲ့အသက်​မဲ့​နေတဲ့အိမ်​ကြီးဆီပြန်​လာခဲ့တယ်​။အိမ်​မှာအိမ်​အကူ​တွေလဲညဆိုမရှိ​တော့ဘူး တစ်​အိမ်​လုံးမှာကျ​နော်​တစ်​ယောက်​ထဲရယ်​။အ​ပေါ်ထပ်​ကိုတက်​လာရင်း ဖုန်းကအသံထမြည်​တော့ ဘယ်​သူများ စာပို့လဲလို့ကြည့်​လိုက်​တယ်​။

 Ebullience (Z+U)Completed✔ Unde poveștirile trăiesc. Descoperă acum