၃။(​နောက်​ကွယ်​ကလွမ်းရသူ)

1.1K 71 2
                                    

(Zawgyi)

ကျ​နော်​ဘဲလွမ်းမယ်​

ကျ​နော်​ဘဲကြိတ်​ဂရုစိုက်​မယ်​

ခင်​ဗျားက​တော့ ကျ​နော်​ငေးကြည်​ဖို့​
​ကောင်းကင်​ကြီးဖြစ်​ရင်​ရပြီ။

~~~~~~~~~~

သူ​ကျောင်းမတက်​တာနှစ်​ရက်​ရှိပြီ သူ့သူငယ်​ချင်း​တွေလဲမရှိ​တော့​သေချာတယ်​ခရီးတစ်​ခုခုသွားတာဖြစ်​မယ်​။

သူ​ကျောင်းတက်​ရင်​ကျ​နော်​မငိုရဘူး နဲနဲသက်​သာတယ်​။ဒါ​ပေမယ့်​ကျ​နော်​အမှတ်​မရှိ လွတ်​နေတဲ့သူ့​နေရာကိုကြည့်​ရင်း​လွမ်း​ဆွေး​နေ​သေးတာ။ကျ​နော်​က အမှတ်​ကိုမရှိဘူး။​မသိစိတ်​အချို့က​ကျောင်းပြန်​တက်​စေချင်​တာအရမ်းဘဲ။

"Taehyung.....ဘာဖြစ်​လို့လဲ...."

"ဘာမှမဖြစ်​ပါဘူး"

ဆရာမရဲ့​မေးခွန်း​ကြောင့်​ကျ​နော်​စာထဲအာရုံပြန်​သွင်းလိုက်​ရတယ်​။အ

"အိမ်​ပြန်​ရောက်​ပါပြီ"

​အိမ်​ပြန်​ရောက်​ကြောင်း​လေး​ပြောလိုက်​ပေမယ့်​အိမ်​က​ခြောက်​ကပ်​လို့ အိမ်​အကူ​တွေကလွဲလို့အ​ဖေနဲ့အ​မေရှိမ​နေခဲ့။ဧည့်​ခန်းကိုခန​ငေးကြည့်​ပြီး စိတ်​ဓာတ်​ကျစွာအ​ပေါ်ထက်​ကိုတက်​လာခဲ့တယ်​။

အခန်းထဲ​နေရုံကလွဲလို့ စကား​ပြောမဲ့သူလဲမရှိ "ဒီ​နေ့​ကျောင်းမှာအဆင်​ပြေလား" လို့​မေးမဲ့သူကလဲမရှိ။ ကျ​နော်​က​တော့ ညစာစားချိန်​ကို​စောင့်​စရာမလိုဘူး။ထမင်းစပွဲဝိုင်းမှာကျ​နော်​သာအမြဲရှိသည်​။

​အခန်းထဲကစားပွဲ​ပေါ်မှာတင်​ထားတဲ့မျက်​မှန်​ဘူး​လေး......။လိုအပ်​တာ​တွေကိုချက်​ချင်းဖြည့်​ဆည်း​ပေးကြတာဘဲ။

"ကျ​နော့်​အတွက်​ပျော်​ရွှင်​ခြင်းနဲ့မိဘ​တွေရဲ့​မေတ္တာ​ရော......"

​နောက်​တစ်​နေ့မနက်​ဟာလဲ ဒီအတိုင်းပုံ​သေပါဘဲ။

​ကျောင်းမှာထိုင်​ရင်း အပြင်​ကို​ငေးကြည့်​နေမိတယ်​။ညကမိုး​တွေရွားထား​တော့​ကျောင်းပန်းခြံကစိမ်းစိုလို့​နေတယ်​။ကြည့်​ရတာမျက်​လုံး​အေးလိုက်​တာ။

 Ebullience (Z+U)Completed✔ Where stories live. Discover now