၂၂။(သူနဲ့ဆို ကျ​နော်​​ပျော့ညံ့ဆဲပါ။)

727 68 2
                                    

(Zawgyi)

အ​သေးအမွှား​လေး ဂရုစိုက်​ရုံနဲ့

​ပျော်​တဲ့ ကျ​နော့်​ပျော်​ရွှင်​မှုအစက

နာကျင်​ချင်းတဲ့။

~~~~~~~~

ညစာစားဝိုင်းက​နေ့လည်​က ကိစ္စ​ကြောင့်​တိတ်​ဆိတ်​နေတယ်​။ခါတိုင်းလဲ တိတ်​ဆိတ်​နေပါတယ်​ကျ​နော်​က​နေ့လည်​က ကိစ္စ​ပေါ် တမင်​အပြစ်​ပုံချလိုက်​တာ။ညစာ​တောင်​သိပ်​စားမ၀င်​ချင်​ဘူး။

"ဒီညလွတ်​သွားတဲ့စာပြန်​လုပ်​မယ်​....."

ရုတ်​တရက်​ထ​ပြောတဲ့စကားက​အဆန်းဗျ။ဇွန်းကိုကိုင်​ပြီး သူု့ကိုကြည့်​နေမိတယ်​။

"မြန်​မြန်​စား...."

ဘာမှပြန်​မ​ပြောဘဲ ကျ​နော်​လဲ ညစာကိုအမြန်​စားလိုက်​တယ်​။jkလဲ သူစားပြီး​တော့အခန်းထဲဝင်​သွားပြီး စာအုပ်​နဲ့လွယ်​အိတ်​ပါတစ်​ခါတည်းယူလာပြီး စားပွဲမှာလာပြန်​ထိုင်​တယ်​။သူတစ်​ယောက်​ထဲ စားပွဲမှာစာလုပ်​ဖို့ပြင်​နေတုန်း ကျ​နော်​လဲ ပန်းကန်​တွေ​ဆေးလိုက်​တယ်​။

ပန်းကန်​ဆေး​နေတုန်း​သေချာပြင်​ထားပုံဘဲ ထမင်းစားစားပွဲကိုလဲ​သေချာသုတ်​ထားတယ်​စာအုပ်​တွေကိုလဲ​သေချာစီထား​သေးတယ်​။ပြီး​တော့​ဘောပင်​နဲ့အဆင်​သင့်​ထိုင်​နေတာ။ဘယ်​တုန်းကများ စာ​တွေလုပ်​ချင်​နေလဲမသိဘူး။

Jkက ထိုင်​ဆိုတဲ့အကြည့်​နဲ့လှမ်းကြည့်​တာ​ကြောင့်​သူငယ်​တန်းပြန်​ရောက်​သွားသလို​တောင်​ခံစားရတယ်​။စာသင်​မယ့်​ဆရာက​တော့သူ​ပေါ့....။

ကျ​နော်​တို့အရင်​ဆုံး​နောက်​ဆုံးသင်​ခဲ့တဲ့စာ​ကိုလှန်​လိုက်​ကြတယ်​။ထင်​ထားတဲ့အတိုင်း jkစာအုပ်​ဟာ အ​ပေါက်​တွေပြည့်​လို့​နေတယ်​။

"Jk.....အဲ့စာအုပ်​အစားအသစ်​ထုတ်​လိုက်​ပါ​တော့လား​နေရာချန်​ထားတာ​တွေက ပြန်​ရေးဖို့အဆင်​မ​ပြေ​လောက်​ဖူး......"

"မင်းငါ့ကိုဆရာလုပ်​တာလား...."

"ဒီတိုင်း​ပြောပြ-"

 Ebullience (Z+U)Completed✔ Where stories live. Discover now