၂၅။(ပြတ်​သားခြင်းကဒီ​လောက်​ခက်​လား....)

736 69 6
                                    

(Zawgyi)

☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎

​ဟောဒီမပြတ်​မသားဆက်​ဆံ​ရေးကြီးက

သူငယ်​ချင်းလဲမဟုတ်​

ချစ်​သူရည်းစားလဲမဟုတ်​......

~~~~~~~

​နောက်​တစ်​နေ့ မနက်​နိုးလာ​တော့ jkက ကျ​နော့်​ဘေးမှာအိပ်​နေဆဲ။​ကျောင်းမသွားခင်​ကျ​နော်​က၁နာရီခွဲ​ကျော်​စောထတာ​ကြောင့်​ဖြစ်​မယ်​။​ရေ၀င်​ချိုး​ကျောင်းအင်္ကျီဝတ်​ပြီး မနက်​စာပြင်​နေလိုက်​တယ်​။အဲ့အချိန်​ကျမှ jkကနိုးလာတယ်​။ကျ​နော်​အင်္ကျီဝတ်​ပြီး​ကျောင်းသွားဖို့အသင့်​ဖြစ်​သည်​အထိ သူက အိပ်​ချင်​မူးတူးအ​နေအထားသာရှိ​သေးသည်​။

မနက်​စာ ထိုင်​စားရင်း ကျ​နော်​လဲ driver ကိုကြိုဖုန်းဆက်​ထားလိုက်​တယ်​။

"Jk....တစ်​ခါတည်း ကျ​နော်​နဲ့လိုက်​မလား...."

"ဟင့်​အင်း....."

စကား၂ခွန်းတည်းနှင့်​မနက်​စာဝိုင်းဟာပြန်​လည်​တိတ်​ဆိတ်​သွားခဲ့တယ်​။မနက်​စာစားလို့အပြီး ကျ​နော်​က အသင့်​ပြီးပြီ ဧည့်​ခန်းမှာ diverကိုထိုင်​စောင့်​နေလိုက်​တယ်​။jkက​တော့​ရေချိုး​နေတုန်းဘဲရှိ​သေးသည်​။driverက​ရောက်​ခါနီးပြီးဆို​တော့မှ ကျ​နော်​လဲ​ရေချိုး​နေတဲ့ jkကို​တောင်​မနှုတ်​ဆက်​ဘဲဒီအတိုင်းထွက်​လာခဲ့သည်​။ဒီလိုနဲ့​ကျောင်းကို​မောင်းလာခဲ့တယ်​။

"Taehyung.....ဒီအ​တောအတွင်း အဆင်​ပြေရဲ့လား..."

"​ပြေပါတယ်​....ဒါနဲ့ ကျ​နော့်​အိမ်​ကိုသူငယ်​ချင်း​တွေ​ခေါ်​နေမယ်​လို့စဉ်းစားထားတယ်​အဲ့ဒါ ဒီ​နေ့ည​နေ အိမ်​သွားရှင်းမလို့....."

"​အဲ့လိုလဲ​ကောင်းတာဘဲ...."

အိမ်​ကိစ္စ​ပြောရင်း​သတိမထားမိချိန်​လေးအတွင်း​ကျောင်း​ရှေ့ကို​ရောက်​လာခဲ့တယ်​။အခုလိုအချိန်​မှာ ယုံကြည်​မှု​တော့လုံးဝမရှိဘူး။​ဘယ်​သူ့ကိုမှဂရုမစိုက်​သည့်​အ​နေအထားနှင့်​အခန်းထဲ​ရောက်​လာခဲ့သည်​။
အရင်​ကလိုဘဲ​နောက်​ဆုံးရဲ့​ထောင့်​မှာထိုင်​ပြီး စာအုပ်​ရှေ့ချကာ ပြတင်း​ပေါက်​ကို​ငေး​နေသည်​။

 Ebullience (Z+U)Completed✔ Where stories live. Discover now