၁၂။(မုန်းခွင့်​လဲမရှိပြန်​ဘူး)

796 67 2
                                    

(Zawgyi)

ကျ​နော်​ထင်​တယ်​

အရမ်းချစ်​မိသွားရင်​

ဘယ်​လောက်​ဘဲနာကျင်​ပါ​စေ

မုန်းရခက်​သွား​ရော.....။

~~~~~~~~

မျက်​လုံးဖွင့်​ဖွင့်​ခြင်း အဖြူ​ရောင်​မျက်​နှာကြက်​ကိုမြင်​တာ​ကြောင့်​အိမ်​မက်​ဆိုးကနိုးလာပြီ အထင်​နဲ့စိတ်​အေးသွားသည်​ကျ​နော့်​ဘေးက လူကိုမမြင်ခင်​အထိ​ပေါ့။

ညက ကျ​နော်​မေ့သွားပြီး အခုဘယ်​ကို​ရောက်​နေမှန်းမသိ​တော့ဘူး။​မဟုတ်​မှလွဲ​ရော jkရဲ့အိမ်​များလား။​ခြေရင်းက ဆိုဖာမှာ ကျ​နော့်​အင်္ကျီအနီနဲ့​ဘောင်းဘီကို​တွေ့တာ​ကြောင့်​ကျ​နော်​များအင်္ကျီမ၀တ်​ထားဘူးလားလို့​စောင်​ကိုမကြည့်​တော့​တော်​ပါ​သေးရဲ့ ရှပ်​အင်္ကျီအဖြူကြီးဝတ်​ထားလို့....။

ထထိုင်​ဖို့မနည်းကြိုးစားလိုက်​ရသည်​။အခုထိတစ်​ကိုယ်​နာပြီး ကိုက်​ခဲ​နေတုန်း။ကုတင်​အောက်​ကို​ခြေ​ထောက်​ချထိုင်​ရင်း ကျ​နော့်​ကိုကျ​နော်​ရွံသလိုဖြစ်​လာသည်​။​ပေါင်​မှာလဲ အနီကွတ်​တွေ ဘယ်​ဘက်​လက်​ကောက်​၀တ်​ကလဲ အညိုအမဲဆွဲ​နေသည်​။အင်္ကျီအဖြူမှာလဲ​သွေးကွက်​တွေ.....။ရှက်​ရွံပြီး​ကြောင်​လဲ​ကြောက်​သည်​။အရမ်းလဲပင်​ပန်းသလိုခံစား​နေရသည်​။ညကအဖြစ်​အပျက်​တစ်​ခုစီတိုင်းက ခုန​လေးတင်​ဖြစ်​ခဲ့သလိုလို အကုန်​အစက​နေပြန်​မြင်​ယောင်​လာမိသည်​။

"နိုးပြီလား....."

အဲ့အသံက အရိုးထဲအထိ နာ​စေသည်​။ချက်​ချင်းမျက်​ရည်​၀ဲ​အောင်​လဲလုပ်​နိုင်​သည်​။

"ထင်​ထားတာထက်​အ​ခြေအ​နေ​ကောင်းသားဘဲ....​ရော့ မင်းဖုန်း...."

ကျ​နော်​ကုတင်​ပေါ်​ထောက်​ထားတဲ့လက်​နားကို ဖုန်းပြစ်​ပေးလိုက်​သည်​။

"မင်း ကားဒရိုက်​ဘာ ဖုန်းဆက်​လို့ ငါသူငယ်​ချင်းအိမ်​လိုက်​အိပ်​တယ်​ပြောလိုက်​တယ်​အခုပြန်​လာ​ခေါ်ခိုင်းလို့ရပြီ....."

 Ebullience (Z+U)Completed✔ Where stories live. Discover now