၁၉။(တဇွတ်​ထိုးလုပ်​ရက်​​တွေထဲ ဒါ​တော့နှစ်​သက်​တယ်​)

761 68 4
                                    

(Zawgyi)

​ကျ​နော်​၀တ်​ထားတဲ့

ဆွဲကြိုးက သူနဲ့ဆင်​တူ​လေးဗျ....။

ပက်​သက်​နေရခြင်းကို​နောက်​မှဘဲ

​တွေးပြီး​ဆွေးလဲရပါတယ်​။

~~~~~~~~~

ည​နေ၆နာရီ​လောက်​ကျ​တော့ jkကပြန်​မလာဘူးဆိုလို့ သူ့သူငယ်​ချင်း​တွေလဲပြန်​သွားကြတယ်​။အစက​တော့ကျ​နေည်​ကိုအ​ဖော်​ပြ​ပေးကြမယ်​တဲ့...ကျ​နော်​လဲအားနာလို့အတင်းပြန်​လွှတ်​လိုက်​တယ်​။

အခု​တော့တစ်​ယောက်​ထဲ​ထမင်းစားစာပွဲမှာထိုင်​ရင်း မီးဖို​ချောင်​ကပြတင်း​ပေါက်​က​နေ အပြင်​ကိုလှမ်း​ငေးရင်​လင်​ရှိဘာ​တွေဖြစ်​နေလဲဆိုတာကိုစဉ်းစားမိတယ်​။ kim taehyung ဘ၀က အဓိပ္ပါယ်​မရှိလိုက်​တာ။

"ခြံအကျယ်​ကြီးနဲ့အိမ်​ရှိတယ်​အတူ​နေ​ပေးမယ့်​မိသားစုမရှိဘူး.....

​ကျောင်းကိုကားနဲ့အငြိမ်းသားသွားရတယ်​ကျောင်းကိုလိုက်​ပို့ပြီး လက်​ဝေ့ရမ်းနှုတ်​ဆက်​လာကြိုမဲ့သူမရှိ......

အရမ်းချစ်​ရတဲ့သူနဲ့အတူတူ​နေ​နေရပြီ ထပ်​တူအချစ်​တော့မရဘူး.....

ဒါကငါနဲ့ထိုက်​တန်​သ​လောက်​ဘဲထင်​တယ်​"

ပြတင်း​ပေါက်​ကအကြည့်​လွဲပြီး စားပွဲ​ပေါ်မှာ​ခေါင်း​မှောက်​ထားလိုက်​တယ်​။ဘယ်​လို ဘယ်​လို အိပ်​ပျော်​သွားမှန်းမသိ နိုးလာ​တော့ ည၁၀နာရီထိုး​နေပြီ။

"ခါး​ရော ဇတ်​ရော နာလိုက်​တာ.....လက်​တောင်​ခေါင်းတင်​ထားရလို့အရာထင်​နေပြီ..."

Jkပြန်​မလာ​သေးပြန်​ဘူး။ညကြီးအချိန်​မ​တော် ကလတ်​ရောက်​နေတာလား။ဒါမှမဟုတ်​ည​နေက​ကောင်​မ​လေးနဲ့ဘဲအတူရှိ​နေတာလား။

ကျ​နော်​လဲထိုင်​နေရာကထပြီးအခန်းထဲဝင်​မယ်​အလုပ်​jkအိမ်​ပြန်​လာတယ်​။ပြန်​လာတိုင်းလဲ​ဒေါသထွက်​နဲ့ရုပ်​နဲ့ဘဲ....။ကျ​နော်​နားကို​လျှောက်​လာ​တော့ ကျ​နော်​လဲ​ကြောက်​သွားတယ်​။သူ့အိတ်​ကပ်​ထဲက ဖုန်းကိုထုတ်​ပြီးကျ​နော့်​လက်​ထဲ​ပေးတယ်​။

 Ebullience (Z+U)Completed✔ Where stories live. Discover now