၂၆။(​အမှားလုပ်​တာကျ​နော်​ဘဲထားပါ​တော့....)

711 69 4
                                    

(Zawgyi)

☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎

တစ်​ကယ်​ဆို ကျ​နော်​အဲ့​လောက်​

သူ့အ​ပေါ်မဖြစ်​နေ​သင့်​ဘူးမှတ်​လား.....။

~~~~~~~

Jkဟာ အိမ်​သာထဲကို အဖြူ​ရောင်​shirtကိုယူပြီး ပြန်​လာခဲ့တယ်​။

"​ရော့.....ဒါကိုလဲဝတ်​ဒီမှာ wet tissue....."

အင်္ကျီကိုင်​ပြီး ကျ​နော်​က သူ့ကိုကြည့်​ရင်း​ကြောင်​ပြီးရပ်​နေမိမယ်​။

"ဘာလဲဝတ်​လေ....."

"Jkသွား​လေ...."

"​အေး ငါက မမြင်​ဖူးဘူးဆို​တော့...."

​ပြောရင်း ကျ​နော့်​ကို​ကျော​ပေးရပ်​လိုက်​သည်​ထွက်​သွားချင်း​တော့မဟုတ်​။​ပြောမရဘူးဆိုတာလဲသိတာ​ကြောင့်​ဒီတိုင်းသာအမြန်​လဲလိုက်​သည်​။အင်္ကျီကကံမ​ကောင်းစွာနဲ့ကြီး​နေသည်​။​ဘောင်းဘီထဲထည့်​ထားသည်​အထိ အင်္ကျီနဲ့မကပ်​ပွ​နေတုန်း။

"ရ-ရပြီ......"

Jkကလှည့်​ကြည့်​ပြီး အ​ပေါ်​အောက်​ကြည့်​ကာ ရယ်​လိုက်​သည်​။ကျ​နော့်​မှာ​တော့သူ့ကို​မော်​မကြည့်​ရဲကိုဖြစ်​လို့။လက်​ထဲကိုချွတ်​ထားတဲ့အ၀တ်​ကိုကိုင်​ပြီးရပ်​နေမိသည်​။

"Tissueနဲ့သုတ်​ဦး ...."

​ဘေစင်​ဘောင်​ပေါ် အင်္ကျီတင်​ပြီး ဆံပင်​ရယ်​လည်​ပင်းရယ်​မျက်​နှာရယ်​ကနို့​တွေကိုသုတ်​လိုက်​သည်​။
ပြီးမှ jkနှင့်​အတူ အိမ်​သာထဲကထွက်​လာခဲ့တယ်​။အခန်းထဲလဲဝင်​ရော ဟိူအဖွဲ့တင်​မက တခြားမိန်းက​လေး​တွေက အကြည့်​က ကျ​နော်​အပြစ်​လုပ်​မိတဲ့ပုံ။

​နေရာမှာဝင်​ထိုင်​ပြီး ကျန်​တဲ့နှစ်​ချိန်​ကို စာဆက်​သင်​ခဲ့တယ်​။​ဒီလိုနဲ့​နေ့လည်​စာစားချိန်​ရောက်​တော့မှ minက​ကျောင်းကို​ရောက်​လာခဲ့တယ်​။သူ​ပြောတာ​တော့ သူ့အမ​ဆေးရုံမှာက​လေး​မွေးလို့သွားကြည့်​တယ်​ဆိုဘဲ။ဒီ​နေ့က jkတို့အဖွဲ့လိုက်​basketball အချိန်​ရှိတာ​ကြောင့်​တစ်​ယောက်​မှမရှိသည်​မို့ minနဲ့ canteen က​နေ​အေး​ဆေးလမ်း​လျှောက်​လာခဲ့တယ်​။

 Ebullience (Z+U)Completed✔ Tahanan ng mga kuwento. Tumuklas ngayon