၁၄။(ကျ​နော်​ကဘဲသူ့ကိုစိတ်​ရှုပ်​​စေသလား)

767 69 2
                                    

Zawgyi

သူ့အမိန့်​တွေဟာ

ကျ​နော့်​ကိုဒဏ်​ရာ​တွေ​ပေးဆဲ....

ကျ​နော့်​ကြောင့်​စိတ်​ရှုပ်​ရရင်​

​တောင်းပန်​ပါတယ်​။

~~~~~~~~

​နောက်​တစ်​နေ့မနက်​ကိုဘယ်​လို​ရောက်​ဘာမှန်း​တောင်​မသိလိုက်​။အခုလဲ ဒီမျက်​နှာကြက်​အဖြူကြီး​ကြောင့်​မျက်​လုံးဖွင့်​လိုက်​တိုင်း "ငါဘယ်​ကိုများ​ရောက်​နေတာလဲ" လို့ရုတ်​တရက်​တွေးမိပြန်​တယ်​။

ကျ​နော်​ရင်​ဘက်​ပေါ်ကိုဘုတ်​ခနဲ လက်​ကျလာတာက သရဲကားထဲကပိုလန့်​စရာ​ကောင်းသည်​။​ဘေးက jkကဘယ်​လိုသူ့လက်​ကို​ကျ​နော့်​ပေါ်လာတင်​လဲမသိဘူး။အိပ်​နေတဲ့သူကဘာမှမသိဘူး ကျ​နော်​က နှလုံးရပ်​တော့မလို့။

​ပြောသာ​ပြော​နေတာ ကျ​နော်​ဘေးမှာသူဘယ်​လိုလာအိပ်​နေလဲကျ​နော်​သိ​တောင်​မသိလိုက်​။ကိုယ့်​ကိုကိုယ်​တောင်​အပြစ်​တင်​ချင်​တယ်​သူ့အိမ်​မှာအခုလိုလာကပ်​ပြီး သူ့​အိပ်​ယာ​ပေါ်အထိတက်​အိပ်​နေရတာ​ပြောရရင်​ကျ​နော်​အားနာတယ်​။

တံခါး​ခေါက်​သံ​ကြောင့်​ကျ​နော်​လဲ​တွေး​နေတာကိုရပ်​ပြီး​ဘေးက jkကိုလှုပ်​နိုးလိုက်​တယ်​။ထတယ်​ထင်​လား အ​ရေးအ​ကြောင်း​ခေါ်ရင်​တောင်​အခုအချိန်​ကျ​နော်​သေ​လောက်​ပြီ။ပါ​သေးတယ်​အ​မေကလဲအိပ်​ပါရ​စေ ဆိုလား။သူ့ဆက်​နိုးရင်​တံခါး​ခေါက်​နေတဲ့သူ နှစ်​ရေးရကုန်​မည်​။

ဒီ​နေ့လမ်း​လျှောက်​တာနဲနဲပိုအဆင်​ပြေ​နေသည်​။အခန်းထဲကထွက်​လာပြီး တံခါးဖွင့်​လိုက်​တော့ jkရဲ့သူငယ်​ချင်း​တွေ။မျက်​နှာပြရမှာ ကျ​နော်​ရှက်​လိုက်​တာ​သေ​တော့မည်​။

"ဟာ....taehyungပါလား...."

Rmကပြုံးပြီးနှုတ်​ဆက်​တော့ ကျ​နော်​လဲပြုံးပြပြီးဘာလုပ်​လို့လုပ်​ရမှန်းမသိ။

"​နေပါဦး မင်းကအခုအချိန်​အိပ်​နေပြီး jungkookကတံခါးလာဖွင့်​ရမှာမဟုတ်​ဖူးလား....."

 Ebullience (Z+U)Completed✔ Where stories live. Discover now