၆။(ကျ​နော်​တန်​ဖိုးထား​သော)

848 71 0
                                    

(Zawgyi)

​နေမ​ကောင်းတာထက်​

ရင်​ထဲမ​ကောင်း​နေတာ

ခင်​ဗျားတို့ထင်​တာထက်​နာကျင်​ရတယ်​။

~~~~~~~~

မုန့်​ဈေးတန်းထဲကခုံမှာ စိတ်​ဓာတ်​ကျစွာထိုင်​နေမိတယ်​။အ​ရှေ့က ကျ​နော့်​စာအုပ်​ကိုကြည့်​ရင်း jkရဲ့အပြုအမူ​တွေကိုအစကအဆုံးပြန်​မြင်​လို့ပါလား။

"​ရော့ taehyung.....ဓာတ်​ဆားရည်​နဲ့ မင်းစားဖို့​ပေါင်​မုန့်​ပြီးရင်​ဆရာဝန်​ပေးလိုက်​ဆေး​သောက်​....."

ကျ​နော်​က ငိုင်​ငိုင်​ကြီး ထိုင်​ပြီးစာအုပ်​ကအကြည့်​မခွာနိုင်​ဖြစ်​နေ​တော့ minလဲစာအုပ်​ကိုဆွဲယူပြီးကျ​နော်​ရှေ့ထိုင်​လိုကိသည်​။

"စား​တော့.....မင်းကြည့်​ရတာ​သွေးစုပ်​ဖုတ်​ကောင်နဲ့တူ​နေပြီ......"

"Minအတန်းမတက်​ဖူးလား....."

"No စိတ်​မပါဘူး....."

​ပေါင်​မုန့်​ကိုစားပြီး ဓာတ်​ဆားရည်​သောက်​လိုက်​တယ်​။မုန့်​ဈေးတန်းထဲလူ​တောင်​မရှိ​တော့သည့်​အ​နေအထားမို့လို့​ဆေးမြန်​မြန်​သောက်​ပြီး​စာကြည့်​တိုက်​ဆီလာဖို့ဆုံးဖြတ်​လိုက်​တယ်​။

"ကျ​နော်​စာကြည့်​တိုက်​ဘက်​ကိုသွားလိုက်​ပါဦး...."

"ခဏ ကိုယ်​ပါလိုက်​မယ်​...."

ဓာတ်​ဆား​သောက်​ထား​တော့ နဲနဲလန်း​နေ​ပေမယ့်​လမ်း​လျှောက်​ရင်​မောပြီး အားယုတ်​သည်​။စာကြည့်​တိုက်​ထဲ​ရောက်​တော့​အတန်းမတက်​တဲ့​ကျောင်းသားအချို့နဲ့ကြမ်းတိုက်​နေတဲ့အ​ဒေါ်ကြီးသာရှိသည်​။

"ဘယ်​မှာထိုင်​ကြမလဲ"

ကျ​နော့်​ကို minက​လေသံ​လေးနှင့်​မေးလိုက်​သည်​။အခုအချိန်​မှာစိတ်​ကမကြည်​တာ​ကြောက့်​လူ​တွေအများကြီးရှိတဲ့ မြင်​ကွင်းမှာ​တော့ကျ​နော်​မထိုင်​ချင်​။

"ဟိုးအ​နောက်​ထောင့်​ကိုသွားကြရ​အောင်​....."

​ထောင့်​နားက နံရံကိုမျက်​နှာမူထားတဲ့စားပွဲ​တွေဆီကို​ရောက်​လာခဲ့တယ်​။စားပွဲ​ပေါ်မှာ​ခြေ​ထောင်​တင်​ထားတာ​တွေ့တာ​ကြောင့်​ခြေ​ထောက်​မှအစ မျက်​နှာအထိထိုလူကိုလိုက်​ကြည့်​ရင်း ကျ​နော်​ရှောင်​နေတဲ့သူ့အကြည့်​ထဲကျ​နော်​အံဝင်​ခွင်​ကျဖြစ်​သွားသည်​။
​ခြေလှမ်းက အ​နောက်​ကို​တောင်​ပြန်​ရွေ့သွားသည်​။သူက​တော့​အေး​ဆေး စုတ်​လုံးစုတ်​ရင်း သူဖတ်​နေကြသရဲစာအုပ်​အမျိုးအစားကို စားပွဲ​ပေါ်​ခြေ​ထောက်​တင်​ကာဖတ်​နေသည်​။

 Ebullience (Z+U)Completed✔ حيث تعيش القصص. اكتشف الآن