၉။(တခြားသူအနားအပြုံးမ​ခြွေပါနဲ့)

811 70 2
                                    

(Zawgyi)

တခြားသူအနား ကျ​နော်​မြတ်​နိုးတဲ့

ထိုအပြုံး​တွေ​ခြွေတိုင်း

ရင်​၀ကိုဓားနဲ့ထိုးသလို

နာကျင်ရလို့ပါ......။

~~~~~~~~~

ကျ​နော်​သူ့​ဘေးမှာ​ခေါင်းငုံရပ်​နေသည်​။​မော့မကြည့်​ရဲဘူး....။သူ​ပြောလာမဲ့စကားအချို့ကိုလဲ လက်​မခံနိုင်​သေးတာ​ကြောင့်​လဲပါသည်​။

"လက်​ပေး"

​အေးတိ​အေးစက်​အမိန့်​ပေးသံ ကျ​နော့်​ရင်​ကိုလှုပ်​ခတ်​....။

"တစ်​ခါ​ပြောလဲမရဘူး "

ဒီတစ်​ခါ အပြစ်​တင်​မှုနှင့်​အတူ ကျ​နော့်​လက်​ကို သူ့အားနဲ့ဆွဲလိုက်​သည်​။လက်​တောင်​နာသွားသည်။

"အာ......."

ကျ​နော့်​လက်​အိတ်​ကိုဆွဲချွတ်​ပြီး ဒဏ်​ရာကို ပလတ်​စတာ နဲ့အုတ်​လိုက်​သည်​ပြီးမှ အ​ရှေ့ကလက်​အိတ်​အသစ်​ကိုယူကာ ၀တ်​ပေးပြန်​သည်​။

ဒါဂရုစိုက်​မှုလား......
ကျ​နော့်​ကို ဂရုစိုက်​လိုက်​တာလား....
သူဒဏ်​ရာ​တွေ​ပေး​နေကြ ကျ​နော့်​ကို ဒီတစ်​ခါ​ဆေး​ပေးလိုက်​တာလား......

"အဲ့​လောက်​ထိစိုက်​ကြည့်​မ​နေနဲ့ အခုလိုလုပ်​ပေးလိုက်​တာ ငါနဲ့တွဲပြီး အလုပ်​လုပ်​ရင်​အ​နှောက်​အယှက်​မဖြစ်​အောင်​ဘဲ....."

"အရင်​က-"

"မရှည်​နဲ့...."

ကျ​နော်​မေးဖို့ အရင်​ကကျ​နော်​နဲ့အတူတူမလုပ်​ချင်​ဘူးဆို......။ဒီ​နေ့ကျ​နော်​ကံ​ကောင်းသည်​။သူ့​ဘေးမှာ မိနစ်​၅၀တိတိ​နေနိုင်​ခဲ့သည်​။အ​ချေအတင်​ဆက်​ဆံပြီး တစ်​ခုခုဆို ကျ​နော့်​ကို​အော်​ငေါက်​မုန်းဟန်​ပြ​နေ​ပေမယ့်​ကျ​နော်​က​တော့ သူလုပ်​သမျှအမှန်​ပြင်​အချစ်​ပွား​ပေး​နေတာ.....။

"Taehyung....ငါက​လေ jungkookမင်းရဲ့​ဘေး​ပြောင်း​တော့ ဒုက္ခ​ရောက်​ပြီထင်​တာ သူ့ဟာသူ​တော့အဆင်​ပြေသား...."

 Ebullience (Z+U)Completed✔ Where stories live. Discover now