၃၁။(သူ့အပြုအမူ​တွေကိုနားမလည်​နိုင်​ဘူး)

710 66 9
                                    

(Zawgyi)

ကျ​နော့်​ထက်​အ​ရေးကြီးသူက

သူ့အတွက်​ရှိ​နေပြီးသားပါ။

~~~~~~~

ကျ​နော်​ပြန်​နိုးလာ​တော့ အချိန်​က ည၉နာရီထိုး​တော့မယ်​။jungkookက​တော့အိပ်​နေ​ဆဲ။ဖယ်​ပြီး ထလာခြင်းကိုလဲမလုပ်​ရက်​နိုးဖို့ကလဲ​နေမ​ကောင်းဘူးဆို​တော့ ဒီအတိုင်းငြိမ်​နေမိပြန်​တယ်​။ရုတ်​တရက်​တံခါးပွင့်​သွား​တော့ ကျ​နော်​လဲ လန့်​ပြီးတံခါးဆီကို ကြည့်​လိုက်​သည်​။

"ဟာ....taehyungတို့...."

Jhopeက ၀င်​လာပြီးပြုံးစိစ်​နှင့်​ကျ​နော်​လဲ ထရပ်​လို့မရ ရှက်​တောင်​ရှက်​သည်​။

"ထမင်းစားဖို့လာ​ခေါ်တာ....jkဘယ်​လိုဖြစ်​...."

Jhopeက တံခါးဝနားက​နေ အသံတိုးတိုးနဲ့ အမူအရာနဲ့တကွ​မေး​နေတယ်​။

"​ဆေး​သောက်​ပြီး အိပ်​နေတာ ကျ​နော့်​ကို​စောင့်​ပါ​ဆိုလို့်......"

ကျ​နော်​လဲအသံတိုးတိုး​လေးနှင့်​ပြန်​ဖြေလိုက်​သည်​။

"ခန​နေရင်​တော့နိုးပြီးဆင်းခဲ့ကြ ထမင်းစားဖို့...."

ကျ​နော်​jhopeကို​ခေါင်းသာငြိမ့်​ပြလိုက်​သည်​။သူလဲ အခန်းထဲက ထွက်​သွား​တော့မှ ကျ​နေည်​အသက်​ရှူ​ချောင်​တော့တယ်​။ကျ​နော်​လဲ အခုလို ပုံစံတစ်​မျိုးတည်းနဲ့လှဲ​နေရတာ​ညောင်း​တော့​ညောင်း​နေပြီ။jungkookအိပ်​လို့​ပျော်​တယ်​ဆို​တော့ ကျ​နော့်​အတွက်​ညောင်း​နေတာ​လောက်​က အ​သေးအမွှားပါ။

ခန​လောက်​နေ​တော့ jungkook နိုးလာသည်​။

"Jk.....နိုးလာပီလား ညစာသွားစားရ​အောင်​....ဒါမှမဟု​တ်​ကျ​နော်​ယူလာ​ပေးရမလဲ....."

"ရတယ်​.....ငါမျက်​နှာသစ်​လိုက်​ဦးမယ်​....."

Jkက ကုတင်​ပေါ်က ယိုင်​တိုင်​တိုင်​နဲ့​ရေချိုးခန်းဆီထသွားသည်​။အဲ့ကျမှ ကျ​နော်​လဲ ထိရပ်​ပြီးအ​ညောင်းဆန့်​ရ​တော့တယ်​။ပြီးတာနဲ့အခန်းထဲက ထွက်​ပြီး​အောက်​ထပ်​ကိုဆင်းလာခဲ့သည်​။

 Ebullience (Z+U)Completed✔ Where stories live. Discover now