၂။ (သူ​ကြောင့်​ကျတဲ့မျက်​ရည်​)

2K 83 2
                                    

မျက်​ရည်​ကျတိုင်းဆု​တောင်းမိတယ်

ကျ​နော့်​မျက်​ရည်​တွေကို

တစ်​ချိန်​သူသုတ်​ပေးပါ​စေ​ပေါ့

~~~~~~~~

ဆရာမနဲ့အတူ ထိုအမျိုးသမီးထွက်​သွားပြီးတဲ့​နောက်​ကျ​နော့်​ရဲ့မျက်​စောင်းထိုးမှာ လွယ်​အိတ်​ကိုပြစ်​တင်​ပြီး ထိုင်​ချလိုက်​တယ်​။ကျ​နော်​မြတ်​နိုးတဲ့ထိုဆံသား​တွေကို လက်​သွယ်​သွယ်​လေး​တွေနဲ့ ဖွပြီး စိတ်​ရှုပ်​နေပုံရသည်​။

ကျ​နော်​ကသူ့အမူအရာတိုင်းကိုတစ်​ဆူးတစိုက်​ကြည့်​ရတာသိပ်​သ​ဘောကြတာ။သူက​တော့ကျ​နော့်​ကိုမြင်​ရင်​ဒေါသ​တွေထွက်​လာ​ရော။

မကြာပါဘူး ဆရာမနှင့်​အတူ ခုနကအမျိုးသမီးပြန်​၀င်​လာသည်​။

"Taehyung သားရဲ့ workbook​ကို အန်​တီကခနငှါးချင်​လို့ရမလား"

ဆရာမရဲ့​တောင်းဆိုမှုနဲ့ထိုအမ်ျိုးသမီးရဲ့ အကူအညီ​တောင်းတဲ့အကြည့်​တွေက ကျ​နော့်​ကိုတိုက်​တွန်း​နေသလိုဖြစ်​တာ​ကြောင့်​စာအုပ်​တွေကိုယူကာ ဆရာမဆီယူသွား​ပေးလိုက်​တယ်​။အခုလို ကူညီပြီးရင်​ဘာဖြစ်​မလဲကျ​နော်​ကောင်း​ကောင်းသိသည်​။

"​ကျေးဇူးပါသား......"

ထိုအမျိုးသမီးရဲ့စကားအဆုံး ကျ​နော်​ပြုံးပြပြီး ကျ​နော့်​နေရာကိုပြန်​လာတုန်း​လျှောက်​လမ်းမှာ​ခြေထိုးလိုက်​သူ။ကျ​နော်​လဲဒူး​ထောက်​လျက်​ပြုတ်​ကျသွားသည်​။နာတယ်​။အရိုးထဲအထိစိမ့်​ခနဲ။ဒါ​ပေမယ့်​ကျ​နော်​ဘာမှမဖြစ်​သလို​နေလိုက်​တယ်​။ထိုအရာကမထူးဆန်း​တော့ဘူး။တစ်​ခန်းလုံးမက အားလုံးပါသိ​နေသည်​။

"သား အဆင်​ပြေရဲ့လား....."

မ​ပြေဘူး​ဖြေလို့ကျ​နော်​အဆင်​ပြေသွားမယ်​ဆိုရင်​တောင်​ဘယ်​တော့မ​ပြောဘူး။ကျ​နော်​ချစ်​ရသူကိုအပြစ်​တင်​တာမျိုးက ကျ​နော်​နဲ့မအက်​စက်​နေဘူး​လေ။

"​ပြေပါတယ်​"

နေရာမှာပြန်​ထိုင်​နေတုန်း သူ ကျ​နော့်ကို မခန့်​လေးစားအကျင့်​နဲ့​လှောင်​လိုက်​သည်​။ကျ​နော်​ဆိုတဲ့ အသုံးမကျတဲ့​ကောင်​က မျက်​ရည်​လွယ်​တက်​တော့ သူခုလိုလုပ်​ရင်​မျက်​ရည်​တွေအလိုလိုစီးကျလာ​ရော။

 Ebullience (Z+U)Completed✔ Where stories live. Discover now