၁၀။(သား​ရေဂျက်​ကင်​​နဲ့ခင်​ဗျား)

792 66 2
                                    

(Zawgyi)

၀ိုင်​ဆူးဆူးနဲ့

​ရောင်​စုံမီး​တွေကိုမုန်း​ပေမယ့်​

ခင်​ဗျားကို​တော့ ချစ်​သတဲ့.....။

~~~~~~~

​ကျောင်း​ရှေ့မှာကားရပ်​ပြီးတာ​တောင်​ကျ​နော်​ကား​ပေါ်ကဆင်းဖို့တုန့်​နှေး​နေတုန်း။သက်​ပျင်းချပြီး မဖြစ်​မ​နေဟု​တွေးက​ကျောင်းဝန်းထဲဝင်​လာခဲ့သည်​။​ကျောင်း​နောက်​ရေကူးကန်​မှာ ပါတီလုပ်​နေကြပုံဘဲ။​ကျောင်းဝန်းထဲမှာက လူနည်း​နေသည်​။

"Taehyung.....မင်း​နောက်​ဆုံး​တော့​ရောက်​လာခဲ့ပြီ"

Minက ကျ​နော့်​ဆီကို တခြားလူ၎ ၅​ယောက်​နဲ့​လျှောက်​လာသည်​။မိန်းက​လေးနှစ်​ယောက်​က​တော့အတိုအပြတ်​နှင့်​တခြား​ယောင်္ကျား​လေး၂​ယောက်​ကလဲ အ​ရောင်​ခပ်​ဆူးဆူး​တွေဝတ်​ထားသည်​။minက​တော့ ၀တ်​ထားတာအဲ့​လောက်​ထိမဆ်ိုး​ချေ။

Min ကျ​နော့်​ကို သူ့သူငယ်​ချင်း​တွေနဲ့မိတ်​ဆက်​ပေးတိုင်း jimin suga နဲ့ rm တို့​ကျောင်းရဲ့​ရေကူးကန်​ဘက်​ကိုသွား​နေကြတာ ကျ​နော်​တွေ့လိုက်​တော့ ဒီဘက်​က အာရုံလွတ်​ပြီး သူ့တို့နာမည်​ဘာမှန်းမသိလိုက်​ဖူး။

"Taehyung....ဘာ​တွေကိုကြည့်​နေတာလဲ...."

Minက ကျ​နော်​စိတ်​မကပ်​တာသိလို့ သတိ​ပေးလိုက်​မှ ကျ​နော်​လဲ ကိုယ့်​နာမည်​ကိုယ်​ကို မိတ်​ဆက်​လိုက်​သည်​။

"ကျ​နော့်​နာမည်​kim taehyungပါ​တွေ့ရတာဝမ်းသာပါတယ်​ဒါနဲ့ minကအခုမှ​ပြောင်းလာတာဘယ်​လိုသိကြ....."

"​အော်​....အဲ့ဒါက အရင်​ကတည်းကခင်​ကြတာ ကံမ​ကောင်းလို့​အခန်းမတူကြလို့....."

"ကဲ တို့​တွေအထဲသွားကြမလား...."

"Ok​လေ....."

"Taehyung...ဆံပင်​လှန်​တင်​ထားတာမိုက်​တယ်​"

ကျ​နော်​က​ကျောင်းမှာဆို ဆံပင်​ကို နဖူး​ပေါ်မှာချထားတက်​တယ်​။ဒီ​နေ့​တော့​ဘေးကိုသပ်​တင်​ထား​တော့ သူတို့အတွက်​အမြင်​တစ်​မျိုးဖြစ်​မယ်​ထင်​ပါရဲ့။

 Ebullience (Z+U)Completed✔ Where stories live. Discover now