၃၄။(ဆက်​ချစ်​လျက်​ပါ....)

692 68 14
                                    

(Zawgyi)

ကျ​နော့်​ကိုမလိုအပ်​ရင်​နေပါ​စေ
ပြန်​မချစ်​ပေးရင်​နေပါ​စေ
ကျ​နော်​က ကိုယ့်​ကိုကိုယ် အပြစ်​တင်​ကာ
ဆက်​ချစ်​လျက်​ပါ.....

~~~~~~~

Canteenမှာ​နေ့လည်​စာ ထိုင်​စားခြင်းက အရင်​လို ကျ​နော်​တစ်​ယောက်​ထဲပြန်​ဖြစ်​သွားပြီ။တာဝန်​အရထိုင်​ပြီး​ရှေ့က ထမင်းပန်းကန်​ကို ဇွန်းနဲ့ထိုးစွ​နေရုံကလွဲလို့စားချင်​စိတ်​သေး​သေး​လေး​တောင်​မရှိ။

​နောက်​ဆုံး​တော့ထို​နေရာက ထရပ်​ပြီး အခန်းထဲအ​စောကြီးပြန်​၀င်​လာခဲ့တယ်​။သူ့မတွေ့ချင်​လို့​ရှောင်​နေပါတယ်​ဆို အ​စောကြီး အခန်းထဲမှာ ထိုင်​နေတာ minတဲ့လား......။

"Taehyung​စောသားဘဲ....."

လှည့်​ထွက်​ဖို့လုပ်​ပေမယ့်​သူကလှမ်းတားပြန်​တယ်​။

"ဘယ်​သွားဖို့လဲ....အခန်းထဲဝင်​ထိုင်​လဲရပါတယ်​....."

တားလဲအခန်းထဲမှာ​တော့သူနဲ့နှစ်​ယောက်​ထဲမထိုင်​နိုင်​ဘူး။အဲ့​တော့ဘာမှပြန်​မ​ဖြေဘဲ အခန်းထဲက ထွက်​လာကာ အပြင်​ကခုံတန်း​လေးမှာထိုင်​နေခဲ့တယ်​။​အချိန်​နဲနဲကြာ​တော့​ခေါင်း​ေလာင္​းထိုးသွားတာနဲ့အခန်းထဲပြန်​သွားပြီ စာဆက်​သင်​ခဲ့တယ်​။ကျက်​သ​ရေတုံးက​တော့ စာသင်​နေလဲလှည့်​ကြည့်​စကားလှမ်း​ပြောလိုက်​နဲ့။

ဒီလိုနဲ့အိမ်​ပြန်​ရောက်​တော့ ကျ​နော်​တစ်​ယောက်​ထဲ ခွဲထွက်​နေမိပြန်​တယ်​။စကားလဲမ​ပြောချင်​ဘူး အထူးသမျှ jkကိုမြင်​ရင်​ကိုယ်​ကိုကို​ယ်​စိတ်​ကုန်​မိလို့....။

ထမင်းစား​တော့လဲ အားလုံးစကား​ပြော​နေပါ​စေ ကျ​နော်​ငြိမ်​ပြီး​နေတယ်​။ရုပ်​ရှင်​ကြည့်​တော့လဲ ကျ​နော်​တူတူထိုင်​မကြည့်​နိုင်​လို့ အ​ပေါ်ထပ်​မှာတစ်​ယောက်​ထဲစာလုပ်​နေခဲ့တယ်​။ကျ​နော်​သိပါတယ်​jkစကား​ပြောဖို့ကြိုးစား​နေတယ်​ဆိုတာ....သက်​သက်​မဲ့​ရှောင်​နေမိတာ​တောင်းပန်​ပါတယ်​jk။

ညဘက်​၉နာရီ​လောက်​အကုန်​လုံး​နား​နေပြီ​ဆို​တော့ အပျင်း​ပြေ ခြံထဲလမ်း​လျှောက်​ဖို့ဆင်းလာခဲ့တယ်​။ချမ်းစိမ့်​စိမ့်​နဲ့ အပျင်း​ပြေမလားမှတ်​တယ်​ပို​တောင်ဝမ်းနည်းစရာ​ကောင်း​နေ​သေး။ခြံထဲဟို​လျှောက်​ဒီ​လျှောက်​နဲ့ နဲနဲ​လောက်​ကြာ​တော့​ခြေသံကြားတာနဲ့လှည့်​ကြည့်​တာ jk​ဖြစ်​နေခဲ့တယ်​။ကျ​နော်​အထဲဝင်​ဖို့ သွား​ပေမယ့်​ကျ​နော့်​လက်​ကို ဆွဲထားသည်​။

 Ebullience (Z+U)Completed✔ Where stories live. Discover now