၂၄။(တစ်​ခါတစ်​ရံ က​လေးဆန်​သည်​)

734 68 4
                                    

(Zawgyi)

သူကမထိတထိက​လေးဆန်​

ကပ်​ချွဲတက်​တယ်​....

ထိုအရာ​ကြောင့်​ကျ​နော်​အရည်​ပျော်​ပေါင်းမနဲ။

~~~~~~~~~

"Taehyung....."

"Humm...."

"​ဆေးထည့်​ပေး...."

ပလက်​လှဲ​နေရာက​နေ ကျ​နော့်​ကိုလှမ်း​ပြောလာသည်​။​တော်​ပါ​သေးရဲ့ ဘာမှမဟုတ်​လို့။​ဆေးအိတ်​ကိုယူပြီး သူ့နားမှာထိုင်​လိုက်​တယ်​။နှုတ်​ခမ်းက​သွေး​တွေကို အရင်​အရက်​ပြန်​နဲ့သုတ်​လိုက်​တယ်​။စူးခနဲ စပ်​ခနဲ ဖြစ်​သွားခြင်းလုံးဝမရှိ။jkတို့က ဒါမျိုးရိုး​နေပြီထင်​ပါရဲ့။

"ကြည့်​မ​နေဘဲ​ဆေးဆက်​ထည့်​...."

မျက်​လုံးမှိတ်​ထားလဲ ကျ​နော်​ဘာလုပ်​နေလဲသိတာဘဲလား။​ဆေးကို နားကြပ်​တံ​လေးနဲ့ထည့်​ပေးပြီး ထို​နေရာက ထမယ်​အလုပ်​သူကကျ​နော့်​လက်​ကိုလှမ်းဆွဲလာတယ်​။ကျ​နော်​လဲ ဘာလဲ ဆိုတဲ့အကြည့်​နဲ့ကြည့်​လိုက်​တယ်​။သူက​ငေါက်​ခနဲ ထထိုင်​ပြီး ကျ​နော့်​ကို တစ်​ခုခု​ပြောဖို​ကြိုးစား​နေတယ်​။သူအဲ့လိုလုပ်​လေ ကျ​နော်​အ​တွေးများ​လေဘဲ။

"ဘာဖြစ်​လို့လဲ....."

"ထိုင်​....."

သူ့​ဘေးမှာ ကျ​နော်​၀င်​ထိုင်​လိုက်​တယ်​။ကျ​နော်​လက်​ထဲက​ဆေးအိပ်​ကိုယူပြီး စားပွဲ​ပေါ်တင်​လိုက်​တယ်​။ပြီး​တော့ ကျ​နော်​ကို ဆိုဖာလက်​တန်းနဲ့ထိသည်​အထိ တွန်းပြီး​ကျောမှီ​ခေါင်းအုံးကို ကျ​နော့်​ပေါင်​ပေါ်တင်​လိုက်​တယ်​။ပြီး​တော့အဲ့​ပေါ်မှာလှဲချလိုက်​တယ်​။

"J~k...."

"ငါခုနအိပ်​ဖို့....."

ကျ​နော့်​ပေါ်မှာ အိပ်​နေတဲ့ jkကိုကြည့်​ရင်း အံ့သြလို့မဆုံး။ဘာ​ဆေး​တွေများမှားစားထားလဲမသိဘူး။ကျ​နော်​ညောင်း​ပေမယ့်​သူ့ကိုကြည့်​ရင်း အ​ညောင်း​တောင်​မေ့ပါတယ်​။သူအိပ်​ပျော်​ပြီး မကြာဘူး ကျ​နော်​လဲထိုင်​လျက်​အိပ်​ပျော်​သွားခဲ့တယ်​။

 Ebullience (Z+U)Completed✔ Donde viven las historias. Descúbrelo ahora