၃၆။(​​ပျော်​တစ်​လှည့်​စိတ်​ဆင်းရဲတစ်​လှည့်​​ပေါ့)

691 64 8
                                    

(Zawgyi)

​ပြသာနာတစ်​ခုပြီးလို့

သက်​ပျင်းအ၀မချ​ရ​သေးဘူး

​နောက်​တစ်​ခု​ပေါ်လာပြီ

ကျ​နော်​ကတကယ်​ကိုပြသာနာ​ကောင်​ဘဲလား

~~~~~~~

ကျ​နော်​ည​နေအ​မေလာ​ခေါ်​တော့ အ​ဖေ​နေမ​ကောင်းတာလို့်ဘဲ​ပြောခဲ့​တော့ rmတို့က တိုက်​ဆိုင်​တယ်​လေး ဘာ​လေး​တောင်​ပြော​နေကြ​သေး။အခုမ​ပေါ်လဲတစ်​ချိန်​ပေါ်မှာဘဲ ဆွဲထားမှ​နေမယ့်​အရာမျိုး​တွေဆိုရင်​တော့ ကျ​နော်​မဆွဲထား​တော့ပါဘူး။

"သား....မျက်​နှာလဲ​ချောင်​ကျ​နေပါလား....."

သားနဲ့မ​တွေ့ဖြစ်​တာ​တောင်​၄လ​လောက်​ရပြီမဟုတ်​ဖူးလားအ​မေရဲ့....။မ​နေ့တ​နေ့က ပုံစံမျိုး​တွေမ​ပြောပါနဲ့။

"အင်း......"

"သားအ​ဖေဆီမှာက​လေ....သားအရွယ်​လောက်​က​လေးထပ်​ရှိတယ်​ဆိုတာ....."

အ​မေစကားအဆုံးမှာ ကျ​နော်​မျက်​ရည်​မကျချင်​တာ​ကြောင့်​တိုတိုနဲ့ဒီစကား​တွေကိုအပြတ်​ဖြတ်​ဖို့ ကျ​နော်​ထ​ဖြေလိုက်​သည်​။

"သိတယ်​အ​မေ....."

ကျ​နော့်​အိမ်​နဲ့ အ​ဖေ့အိမ်​က​နဲနဲ​ဝေးမယ်​ထင်​တယ်​တစ်​ခါမှမ​ရောက်​ဖူး​တော့ လမ်းလဲအတိအကျ​တော့မသိဘူး။တစ်​လမ်းလုံး ရင်​တုန်​နေရ​သေးတယ်​။ဘယ်​လိုဘဲရင်​ဆိုင်​မယ်​ဆုံးဖြတ်​ပြီး ထွက်​လာထွက်​လာ​နောက်​ဆုံး​တော့လဲ​ကြောက်​နေတုန်းပါဘဲ။မိနစ်​အနည့်းအငယ်​လောက်​ကြာ​တော့ ခြံတစ်​ခြံ​ရှေ့ကကားထိုးရပ်​လိုက်​သည်​။ခြံက​တော့ကျယ်​တယ်​ဗျ.....ပန်း​တွေလဲအများကြီးဘဲ​တော်​တော်​လဲလှတယ်​။ဒါ​ပေမယ့်​အိမ်​တံခါးအ၀ဆီ​လျှောက်​သမျှ​ခြေလှမ်း​တွေကအားမပါ​တော့ဘူး။အထဲ​ရောက်​ရင်​ကြုံရမှာကိုကြိုသိ​နေပြီ။

"Taehyungအ​မေပါလား....သားtae​တောင်​တော်​တော်​အရွယ်​ရောက်​နေပြီဘဲ....."

ရိုးရိုးယဉ်​ယဉ်​၀တ်​စုံထားတဲ့အမျိုးသမီးကိုကြည့်​တာ​တော့ အ​ဖေ့​နောက်​ဇနီးဘဲ။မဟုတ်​သေးဘူး အရင်​ဇနီး​ပေါ့ jimin​တောင်​ငါ့ထက်​၂နှစ်​နီးပါးကြီးတာဆို​တော့။

 Ebullience (Z+U)Completed✔ Where stories live. Discover now